Villains 빌런즈 FHD

Villains 빌런즈

Crime Drama FHD 2025-12-18 8.3

J ( Yoo Ji-Tae) ဆိုတဲ့ လျှို့ဝှက်နာမည်နဲ့လူဟာ မျက်နှာမဖော်ပြတတ်တဲ့ ရာဇဝတ်မှု အစီအစဥ်ဆွဲသူဖြစ်ပြီး၊ ထက်မြက်တာကြောင့် သူကြံစည်သမျှ ရာဇဝတ်မှုတိုင်းက ၁၀၀ ရာခိုင်နှုန်း အောင်မြင်နိုင်ခြေရှိသူပါ။ ဒါကြောင့်ပဲ သူ့ရဲ့ ရာဇဝတ်မှုတွေက ပြောင်မြောက်တဲ့လက်ရာလို့ ပြောပြီး ဂုဏ်ယူနေတတ်သူ ဖြစ်ပါတယ်။တစ်ဖက်မှာလည်း ပိုက်ဆံမက်ပြီး လူတွေဆီက လာဘ်စား၊ သူခိုးတွေဆီက ပိုက်ဆံလုယူတာတွေ လုပ်တတ်တဲ့ အကျင့်ပျက် ခြစားနေတဲ့ စုံထောက် Jang Jung- Hyeok (Kwak Do-Won) ...အမျိုးသားထောက်လှမ်းရေးဌာနမှာ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုအဖွဲ့ရဲ့ အကြီးအကဲဖြစ်ခဲ့ပေမဲ့ J ရဲ့ ရာဇဝတ်မှုကြောင့် အလုပ်ကို ဆုံးရှုံးလိုက်ရပြီး  လက်ရှိမှာ J ရဲ့ အနောက်ကို လိုက်နေတဲ့ Cha Ki-Tae (Lee Beom-Soo) ...လွန်ခဲ့တဲ့ ၅ နှစ်က J စီစဥ်ခဲ့တဲ့ ရာဇဝတ်မှုကြောင့် ဘဝပျက်သွားခဲ့ရတာကြောင့် လက်စားပြန်ချေဖို့အတွက် ငွေတုလုပ်နည်းကို သင်ယူခဲ့ပြီး လက်ရှိမှာ အတော်ဆုံးငွေတုလုပ်တဲ့လူ ဖြစ်နေတဲ့ Han Soo-Hyun (Lee Min-Jung) ....ဒီလိုနဲ့ပဲ အရည်အသွေးမြင့်တဲ့ ငွေအတုတွေကြောင့် လူဆိုးတွေကြားထဲ နှစ်ဦးနှစ်ဖက် တိုက်ခိုက်မှုတွေ ပြင်းထန်နေကြစဥ်မှာပဲ ရာဇဝတ်မှု အစီအစဥ်ဆွဲသူ, လက်စားချေမဲ့သူနဲ့အကျင့်ပျက်ခြစားနေတဲ့ အရာရှိတို့ကြား ဘယ်သူက အနိုင်ရသွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ အပတ်စဥ် ကြာသာပတေးနေ့တိုင်း ကြည့်ရှုရမှာဖြစ်ပါတယ်။