အိန္ဒိယမှုခင်းရုပ်ရှင်ပရိသတ်တို့ အကြိုက်တွေ့စေမဲ့ အပိုင်းခြောက်ပိုင်းနဲ့အသစ်ထွက် ဟင်ဒီမှုခင်းရုပ်သံစီးရီးကို တင်ဆက်ပေးလိုက်ပါတယ်။အလုပ်ထဲမှာပဲ စိတ်ရောကိုယ်ပါ အလုံးစုံနှစ်မြှုပ်ထားခဲ့မိလို့ မိသားစုနဲ့ဝေးကွာရတော့မဲ့အရေးကြောင့်ယောကျ်ားဖြစ်သူရှိတဲ့မြို့ဆီပြောင်းဖို့ ဆုံးဖြတ်လိုက်တဲ့ ရဲအရာရှိ ဆန်ယူတာဒါ့စ်။နောက်ဆုံးနေ့တာဝန်ကို ထမ်းဆောင်နေတုန်းမှာပဲ မသင်္ကာစရာတွေ့လို့ သွားစစ်ဆေးရာကကောလိပ်ကျောင်းသူတစ်ယောက်ကို နိုင်ငံရေးသမားတစ်ယောက်ရဲ့ကားထဲမှာ အသတ်ခံထားရတာတွေ့လိုက်ရပါတယ်။နောက်ကွယ်က ဘယ်လိုနက်နဲတဲ့ အကြောင်းတရားတွေ ပေါ်ပေါက်လာမလဲဆိုတာကို ခံစားကြည့်ရှုကြပါဦး။