ဒီတစ်ခါမှာတော့ ပရိတ်သတ်တို့အတွက် ဘောလိဝုဒ် ဟာသ/ဒရာမာ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါပြီ မင်းသား Kunal Khemu ပါဝင်ထားပြီး ရီဗျူးတွေလည်း မဆိုးလှပါဘူး ဇာတ်လမ်းအကျဉ်းကတော့ ဂေါ်ရာ့ဗ်ဂါလော့ (GG) တစ်ယောက် သူ့ကိုဆက်သည်းမခံနိုင်တော့လို့ ကလေးမွေးပေးဖို့လည်း ငြင်းဆန်နေတဲ့ ဇနီးသည်နဲ့ နှစ်ဦးသဘောတူကွာရှင်းလိုက်ပါတယ်လူကသာ မရင့်ကျက်သေးပေမဲ့ အဖေတစ်ယောက်ဖြစ်ချင်နေတဲ့ ဂေါ်ရာ့ဗ်ရဲ့ကားထဲကို ဘယ်ကမှန်းမသိတဲ့ ကလေးပေါက်စလေးတစ်ယောက် ရောက်နေတဲ့အခါမှာတော့ ဘယ်လိုအလွဲလေးတွေဆက်ဖြစ်ကြမလဲဆိုတာ ပရိတ်သတ်တို့ပဲ ဆက်လက်ခံစားကြည့်ရှုအားပေးကြပါဦး