Playing Gracie Darling FHD

Playing Gracie Darling

Drama Mystery FHD 2025-08-14 6.333

အက္ခရာစာလုံးတွေရေးထားတဲ့ ဘုတ်ပြားပေါ်မှာ ဖန်ခွက်မှောက်၊ လက်ညှိုးတွေတင်ပြီး၊ ဝိညာဉ်ခေါ် ကစားတဲ့ နည်းကို အများကြားဖူးပြီး ဖြစ်မှာပါ။ Ouija လို့လည်း ခေါ်ပါတယ်။ ရှေ့ဖြစ်နောက်ဖြစ်တွေ ဟောပေးနိုင်လို့ တစ်ချို့ကလည်း ယုံယုံကြည်ကြည် ကစားလေ့ရှိပါတယ်။ ဒီ သြစတြေးလျ စီးရီးမှာတော့ အဲဒီဂိမ်းကို ဂျိုနီ၊ ဂရေစီ၊ ‌‌ဂျေနဲ့ အနီတာ ဆိုတဲ့ ဆယ်ကျော်သက်လေး လေးယောက်အတူကစားနေရင်း အဖြစ်ဆိုးတွေ ကြုံရကာ ဂရေစီတစ်ယောက်ကတော့တက်'သွားပါတယ်။ ကျန်တဲ့ သူငယ်ချင်းတွေလည်း ကြောက်လန့်ပြီး ခြေဦးတည့်ရာ ထွက်ပြေးသွားခဲ့ပေမယ့် ဂရေစီကိုတော့ ဘယ်တော့မှ ပြန်ရှာမတွေ့တော့ပါဘူး။ နောင် ၂၇ နှစ်အကြာမှာ တူညီသောနေရာမှာပဲ ဂရေစီရဲ့ တူမတော်သူ ဖရန်ကီ တူညီသောပုံစံအတိုင်း ထပ်မံပျောက်ဆုံးသွားကြောင်း ရဲအရာရှိဖြစ်နေတဲ့ ဂျေ အကြောင်းကြားတာကြောင့်အတိတ်ကတစ္ဆေကို ပြန်လည်ရင်ဆိုင်ဖို့ ဂျိုနီတစ်ယောက် နေရာဟောင်းလေးဆီ ခရီးဆက်လာပါတော့တယ်။ ပျောက်ဆုံးနေတဲ့ ဖရန်ကီတို့ တူအရီးကို ဂျိုနီ ဘယ်လို ခြေရာခံမလဲဆိုတာကိုတော့ ဆက်လက် ရှုစားပေးပါ။ 

အပိုင်းများ

Season - 1