ဘင်ဂလေဟာ ကျောင်းစောင့်အလုပ်ကနေ ပြုတ်သွားအပြီးမှာပဲ လန်ဒန်မြို့ကနေ အိမ်စောင့်အထူးအလုပ်ကို ပေါင် ၁၀၀၀၀ နဲ့ လုပ်ဖို့ အခွင့်အရေးတစ်ခု ရလာပါတယ်။ အဲဒီအလုပ်အတွက်အချိန်မီ အင်တာဗြူးသွားဖို့လိုနေပါပြီ။ အင်တာဗြူးသွားခါနီးမှာပဲ ကလေးလေးတစ်ယောကကို ပိုင်ရှင်မဲ့အဖြစ် တွေ့လိုက်ရပြီး မိဘ၊ ရဲစခန်း၊လူမှုဝန်ထမ်းတွေကို ဆက်သွယ်ပြီး အပ်ဖို့ကြိုးစားပေမဲ့ အဆင်မပြေခဲ့ပါဘူး။ လန်ဒန်အင်တာဗြူးကလည်း ဘယ်လိုမှ ပျက်လို့မရတဲ့အချိန်မှာ ဘင်ဂလေတစ်ယောက် ကလေးကိုပိုက်ပြီး အရေးကြီးတဲ့အလုပ်ကြီးဆီကို အင်တာဗြူးသွားဖို့ ကြိုးစားရပါတော့တယ်။