GL series တွေလည်း တစ်ခုပြီးတစ်ခုဇာတ်သိမ်းသွားပြီဆိုတော့ ဒီနေ့မှာ အသစ်ထွက်ရှိလာမဲ့ uni ကျောင်းသူလေးတွေရဲ့ အချစ်ဇာတ်လမ်း GL series သစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။အထက်တန်းကျောင်းသူဘဝကနေ တက္ကသိုလ်ကျောင်းဝန်းမြေကို နင်းပြီဆိုတာနဲ့ အားလုံးမျှော်လင့်ထားတာကတော့ လွတ်လပ်ပျော်ရွှင်ပေါ့ပါးတဲ့ တက္ကသိုလ်ကျောင်းသူဘဝပေါ့Uni Life ကိုစတင်ဝင်ရောက်လာတဲ့ ဂျိန်းတစ်ယောက်လည်း ဒီလိုအတွေးတွေနဲ့ စိတ်ထဲမှာကြည်နူးနေပေမဲ့ စီနီယာအစ်မကြီးတစ်ယောက်ရဲ့ ခပ်စိမ်းစိမ်းအကြည့်တွေက သူ့အတွက် စိတ်ခုစရာဖြစ်နေတာပေါ့။ဒါပေမဲ့ ကံကြမ္မာဇာတ်ဆရာအလိုကျ ဂျိန်းတစ်ယောက် သူ့ကိုအမြဲကြည့်နေတတ်တဲ့ စီနီယာမမနဲ့ ပိုပြီးတော့ အနားကပ်ရဖို့ဖြစ်လာတဲ့အပြင် မမကြီးရဲ့ သာမန်ထက်ပိုတဲ့ဂရုစိုက်မှုတွေပါ ခံလာရချိန်မှာတော့....ကဲ မ'နဲ့ညလေးတို့ကြားက ကလိကလိ love spark လေးတွေကို စောင်ကိုက်ပြီး အတူရှုစားကြပါဦးစို့။