သာမန်ကုန်သည်မျိုးရိုးကနေဆင်းသက်လာပြီး ပညာတတ်လူငယ်လေးဖြစ်တဲ့ Gu Ping Yuan ဟာ နန်းတွင်းအမှုထမ်းဘဝနဲ့ ထွန်းပေါက်ချင်နေသူပါဒါပေမဲ့လည်း သူ့အိပ်မက်တွေဟာ နန်းတွင်းစာမေးပွဲကျရှုံးမှုနဲ့အတူပျက်သုဥ်းသွားရုံသာမက မတရားမှုတစ်ခုနဲ့ချောက်ချခံရပြီး တိုင်းတစ်ပါးကို နယ်နှင်ဒဏ်ခံလိုက်ရပါတော့တယ်အမှန်တရားကို ဖော်ထုတ်ပြီး အိမ်ပြန်နိုင်ဖို့အရေး Gu Ping Yuan တစ်ယောက် Shan Xi ကို ဆားကုန်သွယ်တန်းနဲ့အတူ ထွက်ပြေးခဲ့ရင်း မထင်မှတ်ဘဲ စီးပွားရေးလောကထဲခြေချမိပါတော့တယ် စီးပွားရေးလောကထဲကျင်လည်ရင်း သူ့ရဲ့အံ့ဩစရာကောင်းတဲ့သတ္တိနဲ့ စွမ်းရည်ကြောင့် နာမည်လေးတစ်ခုရလာပါတော့တယ်တစ်စပြီးတစ်စအောင်မြင်လာတာနဲ့အမျှ အန္တရာယ်တွေလည်းပတ်ချာလည်လာပါတော့တယ်Shan Xiကုန်သည်ခေါင်းဆောင် TianGuiရဲ့ လျှို့ဝှက်ကြံစည်မှု...Beijing ကုန်သည်အကြီးအကဲရဲ့သား Li Qin ရဲ့အာရုံစိုက်မှုတွေ ခံလိုက်ရတဲ့အခါ...အဆိုးဆုံးကတော့ Gu Ping Yuanက Li Qinရဲ့ရန်သူတော်ဟောင်းလည်း ဖြစ်နေပါတော့တယ်Gu Ping Yuanချောက်ချခံရတဲ့အမှုရဲ့သဲလွန်စတွေက Li မိသားစုနဲ့ ဆိုင်နေတဲ့အခါ….Gu Ping Yuan တစ်ယောက် တစ်စတစ်စ စီးပွားရေးချဲ့ထွင်ပြီး ကုန်သည်ကြီးတစ်ယောက် ဘယ်လိုဖြစ်လာမလဲ... ရန်သူနဲ့မိတ်ဆွေ အမှန်နဲ့အမှားကြားမှာသူချောက်ချခံရတဲ့အမှုရဲ့အမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲ ....ခေတ်သစ်စီးပွားရေးအင်ပါယာတစ်ခုကို ဘယ်လိုထူထောင်မလဲဆိုတာ ...အားလုံးပဲအတူတူ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်ပါနော်