တစ်ခါမှ မဒိတ်ဖူးတဲ့ ယူဒိုဟာရဲ့ ဘဝထဲကို ရုတ်တရက်ဆိုသလို ရုံးတွင်းက တည်ကြည်တဲ့ကောင်လေး ၊ သူငယ်ချင်းချစ်သူကောင်လေးနဲ့ ကော်ဖီဆိုင်က ကောင်လေး စတဲ့ လူ ၃ ယောက်က တစ်ပြိုင်တည်း ရောက်လာတဲ့အခါမှာတော့ ..ဘယ်ခံစားချက်တွေက အစစ်အမှန်လဲ .. ဘယ်သူ့အပေါ် တကယ် ခံစားချက်ရှိနေတာလဲ ဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဒိုဟာ တစ်ယောက် ခေါင်းခဲရပါတော့တယ် ။ လေပွေလို ရှုပ်ထွေးနေတဲ့ ခံစားချက်တွေထဲမှာမှ နောက်ဆုံးမှာ အချစ်မက်မွန်ပန်းလေးတွေက ဘယ်သူနဲ့ အတူ ပွင့်လန်းသွားမလဲ ဆိုတာကိုတော့ ဒီစီးရီးလေးမှာ ရင်ခုန်စွာနဲ့အတူကြည့်ရှုလိုက်ရအောင်နော် ။