အဖြူရောင် အသိုက်အမြုံလေးတစ်ခုဖြစ်တဲ့ တွီ၊ နုတ်နဲ့ကစ်ဆိုပြီး မိသားစုသုံးယောက်ရှိပါတယ် သူတို့က ဆင်ခြေဖုံးရပ်ကွက်တခုက အိမ်မှာနေထိုင်တာမို့ မိုးတွင်းကာလဆိုရင် အမြဲရေကြီးရေလျှံတဲ့ဒဏ်ကို ခံရလေ့ရှိပါတယ်တနေ့မှာ ရေအလုံးရင်းနဲ့ အိမ်ထဲဝင်လာတာကြောင့် အိမ်ပွဲစားဖြစ်တဲ့ အဖေဖြစ်သူတွီကရောင်းချတဲ့အိမ်ပရောဂျက်တွေထဲက နမူနာအိမ်တလုံးမှာ သွားရွေ့ပြောင်းနေကြဖို့ ဆုံးဖြတ်ခဲ့ရာမှာတော့..... .သူတို့မိသားစုသုံးယောက် အိမ်ကြီးထဲပြောင်းနေပြီးတဲ့နောက်မှာ သူတို့ရဲ့အခြေအနေတွေက ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ဒီဟာသဒရာမာ ဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုကြရအောင်ပါ