ထိပ်တန်းသိုင်းပညာရှင်တစ်ဦးဖြစ်တဲ့ လင်းချန်ချန်က ဖုန်းလိုင်ကျောင်းတော်ကို တည်ထောင်သူလဲဖြစ်သလို အကျင့်ပျက်အရာရှိတွေနဲ့ ကျန်းဟူဇာအာဏာပိုင်တွေကြောင့် ဒုက္ခရောက်နေရတဲ့လောကကြီးမှာ မိန်းမသားတန်မဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်ယှဉ်ပြိုင်နေသူဆိုရင်လဲ မမှားပါဘူး။လောကကြီး ဒီလိုဒုက္ခပင်လယ်ဝေနေချိန်မှာ နန်ချီမင်းဆက်ရဲ့ငယ်ရွယ်လှတဲ့ဧကရာဇ် ရှောင်ဟွမ်က ပြည်သူတွေကိုကူညီဖို့ 'ပိုင်ချီဖန်း'အမည်ကို လျှို့ဝှက်သုံးရင်း ခရီးလှည့်လည်သွားလာကာ စနည်းနာနေပါတယ်။ အဲလိုလှည့်လည်သွားလာရင်း လင်းချန်ချန်နဲ့ဆုံစည်းခဲ့ပါတော့တယ်။ သူတို့နှစ်ဦးဟာ အတူပူးပေါင်းပြီး အကျင့်ပျက်ခြစားမှုနဲ့ရှုပ်ထွေးမှုတွေကို ရင်ဆိုင်ဖြေရှင်းခဲ့ကြပေမဲ့ လင်းချန်ချန်က အမတ်ချုပ်ရဲ့သမီးဖြစ်ပြီး သူ့မိဖုရားဖြစ်လာမဲ့သူမှန်းမသိခဲ့ဘဲ ပိုင်ချီဖန်းဟာ လင်းချန်ချန်အပေါ် မေတ္တာနှောင်ကြိုးတွယ်ငြိမိသွားခဲ့ပါတယ်။ဧကရာဇ်ကို ဧကရာဇ်မှန်းမသိဘဲ အတူလက်တွဲဖြေရှင်းနေတဲ့ လင်းချန်ချန်ကလဲ ပိုင်ချီဖုန်းကို မေတ္တာယိုဖိတ်မိရာမှ...တရားမျှတမှုအတွက် သူတို့နှစ်ဦးက အတူလက်တွဲအဖြေရှာရင်း ပြည်သူတွေရဲ့ဆင်းရဲဒုက္ခကို ဖြေလျှော့ပေးနိုင်မှာလား?ဧကရာဇ်တစ်ဖြစ်လဲ လှည့်လည်သူအယောင်ဆောင်ပိုင်ချီဖန်းကရော လင်းချန်ချန်က သူထိမ်းမြှားရမဲ့မိဖုရားလောင်းလျာမှန်းသိသွားရင်ရော မေတ္တာနှောင်ကြိုးတွေက ဆက်ရှင်သန်နေအုံးမှာလား??လင်းချန်ချန်ကလဲ ဧကရာဇ်လေးရှောင်ဟွမ်ကို အသာတကြည်ပြန်လက်ခံမှာလား???တစ်ဖက်က တိုင်းပြည်၊ တစ်ဖက်က နှလုံးသားရေးရာ...မတူညီတဲ့လမ်းနှစ်သွယ်မှာ သူတို့နှစ်ဦး ဟန်ချက်ညီညီလျှောက်လှမ်းနိုင်မှာလားဆိုတာကိုတော့ ဒီစီးရီးလေးကို မလွှတ်တမ်းစောင့်မျှော်ရင်း ရင်ခုန်စွာကြည့်ရှုအားပေးလိုက်ကြပါအုံးဗျို့။