LOVE.exe 제4차 사랑혁명 FHD

LOVE.exe 제4차 사랑혁명

Comedy FHD 2025-11-13 8.3

ဂန်မင်ဟက် (Kim Yo Han)ဟာ မော်ဒယ်ဌာနမှ ရုပ်ရည်ချောမောပြီး နာမည်ကြီးတဲ့ တက္ကသိုလ်ကျောင်းသားဖြစ်ပြီး dating ပရိုဂရမ်တစ်ခုမှာပါဝင်ပြီးနောက် followers 1သန်း ရရှိခဲ့သူလည်းဖြစ်ပါတယ်။ FA မလေး ဂျူယွန်းဆန်း (Hwang Bo-reum-byeol) ကတော့ ကွန်ပျူတာအင်ဂျင်နီယာဌာနမှ ထိပ်တန်းကျောင်းသူဖြစ်ပြီးပြဿနာတွေကို လျင်မြန်စွာ ဖြေရှင်းနိုင်တဲ့စွမ်းရည်ရှိသလို အမြဲတမ်း ကွန်ပျူတာတစ်လုံးနဲ့ပဲ အချိန်ကုန်နေတတ်တာကြောင့် အချစ်ရေးကို စိတ်မဝင်စားတဲ့သူပါ။ တစ်နေ့ တက္ကသိုလ်မှာပြုလုပ်တဲ့ အစီအစဉ်တစ်ခုကြောင့် မော်ဒယ်ဌာနနဲ့ ကွန်ပျူတာအင်ဂျင်နီယာဌာနမှ ကျောင်းသားကျောင်းသူတွေ စာအတူတူလေ့လာရတဲ့အခါမှာတော့...မော်ဒယ်ကောင်လေးနဲ့ FAမလေးတို့က ဘယ်လိုတွေ့ဆုံပြီး နှစ်ယောက်ကြားမှာ သံယောဇဉ်တွေ ဘယ်လိုကြီးထွားလာမလဲဆိုတာကို  ရင်ခုန်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်တာမို့ အမြန်ဆုံး ကြည့်ကြည့်လိုက်တော့နော်။