The Manipulated 조각도시 FHD

The Manipulated 조각도시

Crime FHD 2025-11-05 8.3

သာမန်ဘဝလေးကို ဖြတ်သန်းနေတဲ့ ဘတ်ထယ်ဂျွန်း (Ji Chang-Wook) ဆိုသူဟာ တစ်ရက် တစ်မနက်တွင်းချင်းမှာပဲ လူသတ်မှုတစ်ခုရဲ့ တရားခံအဖြစ် မတရားစွပ်စွဲခံရပြီး ထောင်ကျသွားခဲ့ရပါတယ်။အန်ယိုဟန် (Doh Kyung-Soo) ကတော့ ဗွီအိုင်ပီဧည့်သည်တော်တွေ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုကို ဖုံးဖိပေးဖို့အတွက် သက်သေအတုအယောင်တွေကို ဖန်တီးပြီးတော့ အပြစ်မဲ့သူတွေကို အမှုဆင်ချောက်ချနေတဲ့ ဒီဒရမ်မာလေးရဲ့ အဓိက ဗီလိန်ပါ။ထယ်ဂျွန်းက သူရဲ့ ဒီကံဆိုးမှုနောက်ကွယ်က ကြိုးကိုင်သူဟာ ယိုဟန်ဖြစ်နေကြောင်း သိရှိလိုက်ရပြီးနောက် ယိုဟန်ကို ကလဲ့စားချေဖို့အတွက် ထောင်ကနေ ထွက်ပြေးလာတဲ့အခါမှာတော့...Ji Chang-Wook ရဲ့ အက်ရှင်စကေး၊ Doh Kyung-Soo ရဲ့ ပထမဆုံး ဗီလိန်အဖြစ် စိန်ခေါ်မှုတို့နဲ့အတူ သွေးကလဲ့စားချေမဲ့သူနဲ့  အပြစ်မဲ့သူတွေရဲ့ ဘဝကို ခြယ်လှယ်စီမံနေသူတို့ကြားက အားပြိုင်ပုံကို မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုရမှာဖြစ်လို့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စောင့်ကြည့်လိုက်ရအောင်နော်။