ဒီတစ်ခါမှာ စီစင်သုံးခုထွက်ထားတဲ့ ဟင်ဒီဒရာမာဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ် ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးလည်းဖြစ်၊ အမျိုးသမီးဇာတ်ကောင် ၄ ယောက်အကြောင်းဆိုတော့ ထုံးစံအတိုင်း ပရိသတ်တို့ကြိုက်မယ့် female empowerment ဇာတ်လမ်းလေးပါပဲဘယ်သူ့မှမကြောက်တဲ့ ရဲရဲတောက်ဂျာနယ်လစ်တစ်ယောက်ဖြစ်ပြီး feminist ဆိုလည်းဟုတ်တဲ့ ဒါမီနီ၊သူဌေးသမီးဆိုပေမဲ့ မိခင်အလိုကျ ရှေးရိုးစွဲနေရပြီး ယောကျာ်းယူဖို့ ဗေဒင်မေးနေရတဲ့ Virgin ကောင်မလေး ဆစ်ဒီသမီးကျောင်းလိုက်ပို့ရင် အတင်းအမြဲတုပ်ခံရတဲ့ တစ်ခုလပ်တစ်ကိုယ်တော်အမေ ရှေ့နေမ အန်ဂျနာနဲ့Gym ထရိန်နာ လက်စဘီယန် အူမန်တို့ သောက်ဖောက်သောက်ဖက်လေးယောက် အချင်းချင်းဘယ်လိုဖေးမကူညီကြမလဲ ဘဝအချိုးအကွေ့တွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုအားပေးပါဦး