အမျိုးအမည်မသိသေးသော ဗိုင်းရပ်စ် တစ်ခု ဘန်ကောက်မြို့အနှံ့ ပျံ့နှံ့နေတဲ့အတွက် ဝန်ကြီးချုပ်က ရုတ်တရက် အရေးပေါ်ကာလ ကြေညာလိုက်ပါတယ်။ ဒါကြောင့် တက္ကသိုလ်ထဲက ကျောင်းသူကျောင်းသားတွေဟာ အပြင်ကို မထွက်နိုင်ကြတော့ဘဲ ကျောင်းထဲမှာပဲ ပိတ်မိသွားကြပါတယ်။ တကယ်တမ်းကျတော့ ဒီဗိုင်းရပ်စ်ဟာ တက္ကသိုလ်ဝင်းထဲက စတင်လာခဲ့တာကြောင့် ကျောင်းသူကျောင်းသားတွေဟာ အသက်ရှင်နိုင်ဖို့ ဗိုင်းရပ်စ်ကူးစက်ခံရပြီးဇွန်ဘီအဖြစ်ပြောင်းသွားသူတွေနဲ့ အသက်လုပြီး ရင်ဆိုင်တိုက်ခိုက်ကြရပါတော့တယ်။ဇွန်ဘီလက်ကနေ အသက်ရှင်လွတ်မြောက်ဖို့ ကျောင်းသူကျောင်းသားတွေ အချိန်နဲ့အမျှ ဘယ်လိုရုန်းကန်သွားကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ရှုစားကြည့်ကြရအောင်ပါ