စုံထောက်မလေးဘာဘရာဟေဗာက မဟုတ်မခံစိတ်ဓာတ်ရှိပြီး စကားကိုတည့်တိုးပြောတတ်တာကြောင့် ပါတနာအဖြစ်တွဲလုပ်ရတဲ့တခြားစုံထောက်တွေနဲ့ပြဿနာတက်လေ့ရှိသူပါ ဒါကြောင့် အဖွဲ့ခဏခဏပြောင်းရလေ့ရှိပါတယ် အခုသူတို့ဆီကိုအသစ်ပြောင်းလာမယ့်စုံထောက်နဲ့တွဲလုပ်ဖို့က သူ့အတွက်နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့သတိပေးခံထားရသူပါပြောင်းလာတဲ့စုံထောက်အသစ်ကတော့ ပညာတတ်မျိုးရိုးမြင့်မိသားစုမှဆင်းသက်လာသူ စုံထောက်"လင်နလေ"ပါအဆီအငေါ့မတည့်တဲ့ လင်နလေနဲ့ဘာဘရာတို့အတွဲဟာ အမှုတွေဖော်ထုတ်တဲ့နေရာမှာတော့ အတွဲညီကြပြီး အမှန်တရားပေါ်ပေါက်အောင်ကြိုးစားကြပါတယ်သူတို့လိုက်ရတဲ့အမှုတွေကို လိုက်ပါစဥ်းစားရင်း ဇာတ်ကားလေးကိုကြည့်ရှုခံစားလိုက်ပါ