အမှုတစ်ခုရဲ့ ပစ်မှတ်ထားခံရတဲ့ နာမည်ကြီး နိုင်ငံရေးသမားတစ်ယောက်ရဲ့ သမီးတစ်ယောက်ဖြစ်တဲ့ “ဖတ်တီ”ဟာ သူ့ရဲ့အနီးကပ်ဆုံး ကိုယ်ရံတော်မလေးဖြစ်တဲ့ “အယ်လီစ်“ လိုယောင်ဆောင်ပြီး မစ်ရှင်တစ်ခုအနေနဲ့ လျှို့ဝှက်ထားပါတော့တယ်“အာချီ”လို့ခေါ်တဲ့ ရဲမေလေးဟာ “ဖတ်တီ”ကို စောင့်ရှောက်ကာကွယ်ဖို့ တာဝန်ပေးခံရတဲ့အခါ“ဖတ်တီ”တစ်ယောက် သူ့ရဲ့ကိုယ်ရံတော်မလေးဖြစ်တဲ့ “အယ်လီစ်”နဲ့ အတူ လူတွေမသိအောင် နေရာတစ်ခုမှာ “အာချီ”နဲ့အတူ “ သူ့ကို အချိန်အကြာကြီး တစ်ဖက်သတ်ချစ်နေတဲ့ ”ချမာ”တို့နဲ့အတူ နေထိုင်ဖို့ဖြစ်လာပါတော့တယ်အချိန်တွေကြာလာတဲ့အခါ “အာချီ”တစ်ယောက် “ဖတ်တီ”ကို ကာကွယ်ပေးချင်တဲ့ စိတ်ကတဖြည်းဖြည်း တိုးလာပါတော့တယ်“ချမာ”ကလည်း အယ်လီစ်နဲ့ အနေနီးလာတော့ သူ့ရဲ့ခံစားချက်တွေပြောင်းလဲသွားတာကို သတိပြုမိလာပါတော့တယ်အယ်လီစ်နဲ့ ဖတ်တို့ကြားက လျှို့ဝှက်ချက်ကို သိသွားတဲ့အခါ သူတို့လေးယောက်ကြား နားလည်မှုတွေ လွဲသွားမလားဆိုတာ ကြည့်ချင်ရင် ဒီကားလေးကို ကြည့်ကြရအောင်နော်