Whispers of Fate 水龙吟 FHD

Whispers of Fate 水龙吟

မြေခွေးနတ်ဆိုးလိုဉာဏ်ပညာကြီးမားပြီး မာယာများတယ်လို့နာမည်ကြီးလှတဲ့ ထန်လိစစ်ဟာ တည်ငြိမ်တဲ့သွင်ပြင်နောက်မှာ ရက်စက်တဲ့ပုံစံအမှန်ကိုပိပိရိရိဖုံးကွယ်ထားနိုင်ပါတယ်။ ဒါပေမဲ့ သူဟာ သေစေနိုင်တဲ့သက်ရှိတစ်ပါးဆိုတာကိုတော့ သူ့စိတ်ထဲကနှလုံးသားကလွဲ ဘယ်သူကမှမသိကြပါဘူး။သူ့ဂိုဏ်းတူအစ်ကိုဖြစ်တဲ့လျိုယန်လုပ်ခဲ့တဲ့ လူအစုအလိုက်အပြုံလိုက်သတ်ဖြတ်မှုအပြီးမှာ ထန်လိစစ်ဟာ လျှို့ဝှက်လွန်းတဲ့ကျန်းဟူလောကထဲကိုရောက်လာရပါတော့တယ်။ အဲအချိန်မှာပဲ ကွေးမုတန့်ဆိုတဲ့နတ်ဆိုးတစ္ဆေကြောင့် သိုင်းလောကဟာ အမြစ်ဖြတ်သတ်သင်မှုကိုထပ်ခံရမဲ့ကံကြမ္မာဖန်လာပါတယ်။ သိုင်းလောကတစ်ခွင် ရုန်းရင်းဆန်ခတ်ဖြစ်နေတော့ ယင်ယန်ဆရာကြီးက ထန်လိစစ်ရဲ့မိုးမြေကောင်းချီရထားတဲ့ကိုယ်ခန္ဓာကိုထိန်းချုပ်ဖို့ကြိုးစားလာရာမှ...ထန်လိစစ်ကရော တကယ်ပဲစတေးခံဖြစ်သွားလေမလား? စတေးခံပြီးရင်ရော သူက အရင်ကထက်ပိုသန်မာလာမှာလား?? မွေးရာပါပါလာတဲ့စတေးခံကံကြမ္မာကိုရော ထန်လိစစ်က ကြည်ကြည်သာသာလက်ခံလိုက်မှာလား???သိုင်းလောကရဲ့အရှုပ်အရှင်းတွေကြားမှာ ကံဇာတ်ဆရာနဲ့ထန်လိစစ်ကြားက အားပြိုင်မှုတွေကိုပါ ရင်တမမဖြစ်ရင်း တစ်ဝကြီးခံစားကြည့်ရှုနိုင်မှာမို့ Whisper of Fate ဆိုတဲ့ဇာတ်ကားလေးကို လက်မလွှတ်တမ်းအားပေးလိုက်ကြပါအုံး။