The Game FHD

The Game

Crime Drama FHD 2025-05-12 6.444

ဒီဇာတ်လမ်းတွဲလေးကတော့ စုံထောက်တစ်ဦးနဲ့  ကွင်းဆက်လူသတ်သမား တစ်ဦး တို့ရဲ့ အားပြိုင်မှုကို ကြည့်ရှုရမယ့် Psychological Thriller ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။Iဝါရင့်မင်းသားကြီးတွေဖြစ်ကြတဲ့ Jason Watkins နဲ့ Robson Green တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အငြိမ်းစား စုံထောက် ဟျူးမီလာ ဟာ ရာထူးမှ အနားယူပြီးတဲ့နောက် အေးချမ်းတဲ့ ဆင်ခြေဖုံးရပ်ကွက်လေးထဲမှာ  ဇနီးဖြစ်သူ အဲလစ် နဲ့ အတူ နေထိုင်ကာ သူမဖြေရှင်းနိုင်ခဲ့တဲ့ ကွင်းဆက်လူသတ်မှုတစ်ခုကို အမြဲတမ်းစိတ်ထဲတွင် တွေးနေလေ့ရှိပါတယ်။“Ripton Stalker” လို့အမည်ရတဲ့ လူသတ်သမားဟာ သူ့ရဲ့သားကောင်တွေကို စိတ်ပိုင်းဆိုင်ရာတွေ ညှင်းပန်းနှိပ်စက်ပြီးမှ သတ်ဖြတ်တယ်ဆိုပြီး နာမည်ကြီးခဲ့ပါတယ်။တစ်နေ့မှာတော့ ဟျူးတို့ရဲ့ မျက်နှာချင်းဆိုင်အိမ်ကို ထူးဆန်းတဲ့လူတစ်ယောက်ရောက်လာခဲ့ပါတယ်။ဟျူး အနေနဲ့ သူနဲ့တွေ့ပြီးတဲ့နောက် သူ့စိတ်ကိုကြီးစိုးထားတဲ့ကွင်းဆက်လူသတ်မှုဟာ ပြန်လည်နိုးထလာခဲ့ပါတယ်။ဟျူးဟာသူ့အဖွဲ့အတွင်းမှာ လေးစားမခံခဲ့ရပေမဲ့ သူ့ရဲ့ပင်ကိုအသိစိတ်တွေကတော့ အမြဲတမ်းလိုလိုမှန်ခဲ့တာပါ။ထိုနည်းတူ လူသတ်သမားဟာလည်း တကယ်ကို ဉာဏ်ကောင်းပြီးတော့ စေ့စပ်သေချာလွန်းနေခဲ့ပါတယ်။ဟျူး တစ်ယောက် အငြိမ်းစားယူပြီးတဲ့နောက်မှာမှ သူမဖြေရှင်းနိုင်ခဲ့တဲ့အမှုကို ဘယ်လိုတွေကြိုးစားဖြေရှင်းမလဲ လူသတ်သမားနဲ့ရော ဘယ်လိုတွေအားပြိုင်သွားမလဲဆိုတာ သည်းထိပ်ရင်ဖို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

အပိုင်းများ

Season - 1