Wayward FHD

Wayward

Drama Mystery FHD 2025-09-25 6.338

drama, mystery, thriller အမျိုးအစား mini series တစ်ကားဖြစ်ပါတယ်။ ၂၀၂၅ခုနှစ်မှာထွက်ရှိထားပြီး imdb rating 5.9 ရရှိထားတဲ့ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ Vermont မြို့မှာရှိတဲ့ Tall pines academy ဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတက်နေတဲ့ ဆယ်ကျော်သက်လေးတွေကိုပြုပြင်ထိန်းသိမ်းရေးကျောင်းလို့အများကသိကြပါတယ်။ ဒါပေမယ့် အဲဒီမှာနေထိုင်ရတဲ့ ကျောင်းသားတွေထဲမှာ ထွက်ပြေးသူတွေ ပျောက်ဆုံးသူတွေ အများအပြားရှိနေခဲ့ပါတယ်။ အာဘီနဲ့ လိုင်လာ လို့ခေါ်တဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဟာ လူကြီးတွေအမြင်မှာ ဆိုးသွမ်းသူတွေဖြစ်နေပြီး Tall pines academy ကိုပို့ဆောင်ခံရဖို့ အကြောင်းဖန်လာပြီးနောက်သူတို့သူငယ်ချင်းနှစ်ယောက်ဘာတွေဖြစ်သွားကြမလဲ ? အဲဒီကျောင်းဟာအမှန်တကယ် ဆိုးသွမ်းတဲ့ကလေးတွေကို ပြုပြင်ထိန်းသိမ်းပေးတဲ့ကျောင်းလား ဒါမှမဟုတ် လူတွေမသိကြသေးတဲ့ တခြားထူးဆန်းတဲ့လျှို့ဝှက်အကြောင်းအရာတွေရှိနေဦးမလား ကျောင်းကထွက်ပြေးသွားတဲ့ကျောင်းသားတွေက ဘာတွေဖြစ်သွားကြလဲ စတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားကြည့်လိုက်ပါဦး။