လူသတ်ကားရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတရိုင်ဆိုသူက အဖေ့ခြေရာနင်းပြီး နာမည်ကြီးဒါရိုက်တာဖြစ်ချင်ခဲ့သူပါ။သူ့ရုပ်ရှင်ရုံတင်နေချိန်မှာ ရုပ်ရှင်ထဲကအတိုင်း အပြင်မှာ ချွတ်စွပ်တူတဲ့ လူသတ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ရဲမှူးချုပ် ဖရာနွန်နဲ့ စိတ်ရောဂါကုဆရာဝန် အရာနီတိုပေါင်းပြီး ဒီအမှုက လူသတ်သမားကို ရှာရန်ကြိုးပမ်းခဲ့ပါတယ်။ဒါကြောင့် ရုပ်ရှင်ဒါရိုက်တာနဲ့အတူ စစ်ဆေးမှုတွေလုပ်ရင်းကနေ ဒီလူသတ်သမားအစစ်ကို ဘယ်လိုရှာတွေ့သွားမလဲဒီလူသတ်မှုရဲ့ဖြစ်ရပ်မှန်က ဘာလဲဆိုတာ “မရဏအိပ်မက်များ” ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရအောင်ပါ။