A Thousand Days' Promise 천일의 약속 FHD

A Thousand Days' Promise 천일의 약속

Drama FHD 2011-10-17 7

ဒီစီးရီးကတော့ ၂၀၁၁ မှာ ထုတ်လွှင့်ခဲ့တဲ့ဇာတ်လမ်းတွဲဖြစ်ပြီး "Love Story in Harvard" ဇာတ်လမ်းတွဲနဲ့ လူကြိုက်များခဲ့တဲ့ မင်းသား Kim Rae-won နဲ့အတူ၊ "The Flu" ရုပ်ရှင်ထဲက မင်းသမီး Park Soo Ae တို့ တွဲဖက်ရိုက်ကူးထားတဲ့ Melodrama စီးရီးပဲဖြစ်ပါတယ်။မိဘချင်းက ငယ်သူငယ်ချင်းတွေဖြစ်ပြီး သားသမီးချင်းကလည်း ငယ်ပေါင်းကြီးဖော်ကိုမှ စေ့စပ်ထားကြတဲ့ မိသားစုနှစ်ခု...အဲဒီက သားဖြစ်သူ ဘတ်ဂျီဟျောင်းက စေ့စပ်ထားတဲ့သူရှိနေတဲ့ကြားထဲက ပုံနှိပ်တိုက်တစ်ခုမှာ အလုပ်လုပ်နေတဲ့အီဆောယွန်းဆိုတဲ့ အမျိုးသမီးနဲ့ တွဲနေခဲ့ပါတယ်...နောက်မိန်းကလေးတစ်ယောက်ရှိနေတယ်ဆိုတာကို ရိပ်မိလာကြတဲ့ မိသားစုတွေကစိတ်ချရဖို့အတွက် လက်ထပ်ပွဲကို အမြန်အကောင်အထည်ဖော်တဲ့အခါဘတ်ဂျီဟျောင်းကလည်း သူ့ချစ်သူ အီဆောယွန်းကို အဆက်ဖြတ်ဖို့ ကြိုးစားပါတော့တယ်...ဒါပေမဲ့ မမျှော်လင့်ထားဘဲ အသက် ၃၀ အရွယ် အီဆောယွန်းမှာ အယ်လ်ဇိုင်းမားရောဂါ... တစ်နည်းအနေနဲ့ သူငယ်ပြန်ရောဂါလက္ခဏာ စပြနေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ...ဘတ်ဂျီဟျောင်းတစ်ယောက် သနားစိတ်၊ ချစ်စိတ်နဲ့အတူ ချစ်သူဟောင်းဆီပြန်သွားမလားမိဘတွေကို မျက်နှာမပျက်စေချင်တာအပြင် သူ့ကိုချစ်လို့ စေ့စပ်ထားတဲ့မိန်းကလေးနဲ့ လက်ထပ်လိုက်မလား...သူချလိုက်တဲ့ဆုံးဖြတ်ချက်တွေကရော မှန်ကန်ရဲ့လား... ဘယ်လိုအကျိုးဆက်တွေနဲ့ ရင်ဆိုင်လာရမလဲဆိုတာကိုဒီဇာတ်လမ်းတွဲမှာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်...