ဂျန်အို့ဂျောင်း (Kim Tae-Hee) ဟာ "ဘူယုံးဂျွန်း"ဆိုတဲ့ ကိုယ်ပိုင်အထည်ဆိုင်လေးကို ဖွင့်လှစ်ထားပြီး သူ့ရဲ့ဝင်ငွေတွေနဲ့ မိခင်ဖြစ်သူကို ကျွန်ဘဝကနေ ရွေးထုတ်ပြီးတော့ ချင်နိုင်ငံကို အတူထွက်သွားဖို့ ဆန္ဒရှိနေသူလေးပါ။ တစ်နေ့ အဝတ်အစားချုပ်လုပ်ဖို့အတွက် ကိုယ်တိုင်း တိုင်းဖို့ ပန်းဥယျာဉ်လေးတစ်ခုဆီ သွားရင်းက အီဆွန်း (Yoo Ah-In) နဲ့ ဆုံတွေ့ဖြစ်ပြီး ချစ်ကြိုးယှက်နွယ်မိခဲ့ကြတာပေါ့။အိမ်ရှေ့စံမင်းသားဆိုတာကို ဖုံးကွယ်ပြီး ကိုယ်ရံတော်တပ်မှူးအဖြစ် ဟန်ဆောင်နေတဲ့ အီဆွန်း...မကြာခင်မှာပဲ မိခင်နဲ့အတူ ချင်နိုင်ငံကို ထွက်သွားရတော့မဲ့ အို့ဂျောင်း... အိုဂျောင်း ချင်နိုင်ငံကို ထွက်မသွားဖြစ်ဘူးဆိုရင်တော့ နန်းတော်ထဲက အီဆွန်းကို လာရှာမယ်လို့ နှစ်ဦးကြား ကတိထားခဲ့ကြပါတယ်။အဲဒီနောက်ပိုင်း အို့ဂျောင်းလည်း အကြောင်းအမျိုးမျိုးကြောင့် ချင်နိုင်ငံကို ထွက်မသွားဖြစ်ဘဲ အပ်ချုပ်ဆောင်နန်းတွင်းသူအဖြစ် နန်းတော်ထဲ ဝင်လာပြီး ထီးနန်းဆက်ခံပြီးဖြစ်တဲ့ အီဆွန်းနဲ့ ပြန်လည်ဆုံစည်းဖြစ်တဲ့အခါမှာတော့...နန်းတွင်းအာဏာလွန်ဆွဲမှုတွေကြားက အီဆွန်းနဲ့ အို့ဂျောင်းတို့ရဲ့ ချစ်ပုံပြင်လေးကို လှလှပပလေး ပုံဖော်ရိုက်ကူးပြထားတာမို့လို့ ပြန်လည်ခံစားကြည့်ရှုလိုက်ကြပါဦးရှင်။