ဘာသာတရားကိုင်းရှိုင်းပြီး ရဲဟောင်းတစ်ယောက်လည်းဖြစ်တဲ့ ဘာဘယ်လ်ဝါ ဆိုတဲ့ အမျိုးသမီးဟာ Iron Watch ဆိုတဲ့ဘဏ်မှာ သူ့အသက်ကိုပါ ပဓာနမထားပဲ ကြိုးစားပြီးလုပ်ကိုင်နေတဲ့အစောင့်ယာဉ်မောင်းတစ်ယောက်ဖြစ်ပါတယ်။ဘာဘယ်လ်ဝါ တစ်ယောက် ကံမကောင်းအကြောင်းမလှစွာပဲ သူ့ရဲ့သမီးဟာ ဦးနှောက်အကျိတ်ကင်ဆာ ဖြစ်နေတဲ့အတွက် အချိန်မှီခွဲစိတ်ပေးဖို့အကူအညီတွေလိုအပ်လာခဲ့ပါတယ်။သူလိုအပ်တဲ့အကူအညီတွေကို သူ့ရဲ့ပတ်ဝန်းကျင်လူတွေကနေ မရနိုင်တော့တဲ့အခါ ဘာဘယ်လ်ဝါ တစ်ယောက် ကြံရာမရဖြစ်ပြီး ဓားပြမှုတ်တစ်ခုမှာ ပါဝင်ဖို့ဖြစ်လာပါတော့တယ်။ဘာဘယ်လ်ဝါ ရဲ့ ခက်ခဲတဲ့ ဘဝအခြေအနေ ၊ သူ့သမီးအပေါ်ထားတဲ့ မိခင်မေတ္တာ၊ သူ့ရဲ့ဘာသာရေး ယုံကြည်မှုနဲ့ ရာဇဝတ်မှုကျူးလွန်ဖို့ ဆုံးဖြတ်ချက်တွေကြားက ပဋိပက္ခတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲလေး တစ်ခုဖြစ်ပါတယ်။