ကံကြမ္မာရဲ့စေစားမှုကြောင့် ရှန့်ရှောက်ကွမ်းနဲ့ သူ့မိသားစုဟာ ယုံအန်းမြို့ကို မမျှော်လင့်ဘဲ ရောက်ရှိလာခဲ့ရပြီး ယုံအန်းမြို့မှာ စားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ကာ ဘဝကိုရိုးသားစွာရုန်းကန်ရင်း နေထိုင်ဖြတ်သန်းကြပါတယ်။ ရုန်းကန်ရတဲ့နေ့ရက်တွေကြားမှာပဲ ရှောက်ကွမ်းဟာ ကျင်းကျောက်မြို့ရဲ့အရာရှိငယ်လေးဖြစ်တဲ့လင်းယန့်နဲ့အမှတ်မထင်ဆုံစည်းခဲ့ပါတော့တယ်။ နန်းတွင်းရိုးရာအစားအသောက်ယဉ်ကျေးမှုနဲ့ဓလေ့ထုံးတမ်းတွေကနေတစ်ဆင့် ဖြစ်တည်လာတဲ့ သူတို့နှစ်ဦးရဲ့အချစ်ဇာတ်လမ်းကို "Yummy YummyYummy" ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားရမှာပါ။ အရာရှိနဲ့ ရိုးသားတဲ့စားဖိုမှူးမလေးတို့ ဘယ်လို ထူးခြားတဲ့အချစ်ခရီးလမ်းကိုလျှောက်ကြမလဲ။ ဒီခရီးလမ်းမှာ ဘယ်လိုအလှည့်အပြောင်းတွေနဲ့ကြုံရပြီး ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမလဲစတဲ့ရင်ခုန်စရာလေးတွေကို စားချင်စဖွယ်ဟင်းလျာတွေကြားမှာပါ အချစ်ချိုချိုလေးတွေကိုမြည်းစမ်းရမဲ့ဇာတ်ကားကောင်းတစ်ကားပါ။တွဲဖက်မင်းသားကလဲနန်းတွင်းကားတွေနဲ့လုံးဝကွက်တိကျအောင်သရုပ်ဆောင်နိုင်တဲ့ Li Yun Rui ဖြစ်တာမို့ လုလုလေးနဲ့လဲ ဘယ်လိုတွေကမ်ဆွီမိနေကြမလဲဆိုတာ စီးမျောခံစားကြည့်ပေးကြပါအုံး။