လူငယ်မော်ဒယ်တစ်ယောက်လည်းဖြစ် ဘီလီယံနာတစ်ယောက်လည်းဖြစ်တဲ့ Siwat ကသူ့နှလုံးနဲ့ ဆက်နွယ်နေတဲ့ မီးစွမ်းအားတွေကို ဖယ်ထုတ်ပစ်နိုင်ဖို့အတွက် နည်းလမ်းကိုရှာဖွေနေတာဖြစ်ပါတယ်။သူ့ရဲ့တစ်ခုတည်းသော အားကိုးစရာကတော့ Tambralingaဆိုတဲ့ ပျောက်ဆုံးနေတဲ့ ရှေးဟောင်းမြို့တော်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ သိမ်းဆည်းထားတဲ့ ဒဏ္ဍာရီလာနှလုံးကိုရအောင်ယူနိုင်ဖို့ပါ။ဒီခရီးစဉ်မှာပဲ Siwat တစ်ယောက် Khunkhaoဆိုတဲ့ မြို့ရဲ့လျှို့ဝှက်ချက်တွေကိုသိထားတဲ့ ကောင်လေးနဲ့ဆုံခဲ့ရပါတယ်။ဒီလိုနဲ့ သူတို့ကြုံတွေ့ရမဲ့ ရှေးဟောင်းကျိန်စာတွေ မှော်ပြိုင်ပွဲတွေကြားက ပေါ်ပေါက်လာမဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ကြည့်ရှုဖို့အတွက် ညွှန်းပေးလိုက်ရပါတယ်