Saare Jahan Se Accha: The Silent Guardians सारे जहां से अच्छा FHD

Saare Jahan Se Accha: The Silent Guardians सारे जहां से अच्छा

Drama FHD 2025-08-13 5.8

၁၉၆၀ပြည့်နှစ်အလွန်... အိန္ဒိယမှာ လေးနှစ်အတွင်း စစ်ပွဲနှစ်ကြိမ်ဖြစ်ခဲ့တယ်။ကမ္ဘာ့နျူကလီးယားလက်နက်စင်မြင့်ပေါ်မှာ အမေရိကန်၊ တရုတ်နဲ့ ရုရှား အားပြိုင်နေကြချိန်။အိန္ဒိယသိပ္ပံပညာရှင် ဒေါက်တာဘာဘာက နိုင်ငံပိုင် နျူကလီးယားစွမ်းအင်ဖန်တီးဖို့ဟောပြောလုပ်ဆောင်နေခဲ့ပါပြီ။ ဒါပေမဲ့ စီအိုင်အေအဖွဲ့အာရုံစိုက်တာခံရပြီး ဒေါက်တာဘာဘာ လုပ်ကြံခံလိုက်ရတယ်။ဒေါက်တာဘာဘာလုပ်ကြံခံရပြီးတဲ့နောက်မှာတော့ အိန္ဒိယမှာ Research & Analysis Wing (R&AW)ဆိုတဲ့အိန္ဒိယအထူးသူလျှိုအဖွဲ့အစည်းတစ်ခု ဖွဲ့ခဲ့တယ်။နိုင်ငံတိုင်းရဲ့ သူလျှိုကွန်ရက်တွေမှာ အိန္ဒိယလည်း နောက်မကျကျန်ခဲ့အောင် လက်ဦးမှုယူနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့။အဲဒီနောက်မှာတော့ ခိုင်မာတဲ့သတင်းရလိုက်တာ ပါကစ္စတန်မှာ နျူကလီယားလက်နက်ဖန်တီးဖို့ စတင်နေပြီဆိုတာပဲပါကစ္စတန်သာ အောင်မြင်သွားရင် အရှေ့အလယ်ပိုင်းက အကြမ်းဖက်အဖွဲ့အစည်းတွေအကုန် နျူလက်နက်ပိုင်ဆိုင်ပြီးနောက်ဆုံးကမ္ဘာစစ်ဖြစ်ဖို့သေချာတာမို့ ပါကစ္စတန်မအောင်မြင်ဖို့ RAWအဖွဲ့က အရာရှိဗစ်ရှ်နူးကို ပါကစ္စတန်ဆီ စေလွှတ်တားဆီးစေပါတော့တယ်။လောလောလတ်လတ်အိမ်ထောင်ကျပြီး လင်မယားနှစ်ယောက်အတူ ပါကစ္စတန်ဆီ မစ်ရှင်နဲ့ထွက်ခွာလာတဲ့ ဗစ်ရှ်နူး၊ပါကစ္စတန်ရဲ့ နျူလက်နက်မအောင်မြင်ရေး ဘယ်လိုတွေလုပ်ကိုင်ဆောင်ရွက်သွားမလဲဆိုတာကို အပိုင်းခြောက်ပိုင်းနဲ့ စိတ်ဝင်စားဖွယ် ခံစားကြည့်ရှုကြပါဦး။

အပိုင်းများ

Season - 1