Love in the Clouds 入青云 FHD

Love in the Clouds 入青云

Drama Sci-Fi & Fantasy FHD 2025-10-08 8.3

ဟယ်ရွှီခြောက်လောကရဲ့ချင်းယွင်ညီလာခံမှာ လုံးဝထင်မထားတာတွေဖြစ်လာပါတယ်။ ကျီရှင်းအသူရာချောက်နက်က အကျဉ်းသားဟောင်းကျီပေါကျိုက်ဟာ ခုနစ်နှစ်ဆက်တိုက်ဗိုလ်စွဲထားတဲ့စစ်နတ်ဘုရားမ မင်ယိကို အနိုင်ယူနိုင်ခဲ့လို့ တစ်ညတာအတွင်း နာမည်အကြီးဆုံး သူရဲကောင်းဖြစ်သွားပါတော့တယ်။အရှုံးသမားမင်ယိကလည်း မူရင်းပုံစံကိုဖုံးကွယ်ပြီး ကချေသည်အသွင်ယူကာ ကျီပေါကျိုက်အနားချဉ်းကပ်ဖို့ ကြိုးစားပါတော့တယ်။ နှစ်ဦးလုံးဟာကိုယ်ပိုင်ရည်ရွယ်ချက်တွေနဲ့ဟန်ဆောင်ထားကြသူတွေမို့ သူတို့ကြားက ဆက်ဆံရေးဟာရိုးရှင်းတဲ့ အချစ်ဇာတ်လမ်း မဟုတ်ဘဲ...လှည့်စားမှု၊ ရင်ခုန်စရာဆွဲဆောင်မှုတို့နဲ့ပြည့်နှက်နေတဲ့ကံကြမ္မာရဲ့လျှို့ဝှက်ကကွက်တစ်ခု ဖြစ်လာပါတော့တယ်။ဒီစီးရီးမှာ ရှောင်ဟိုရဲ့ချောမောမှုနဲ့ ဆွဲဆောင်မှုရှိတဲ့သရုပ်ဆောင်ချက်တွေကို တစ်ဝကြီးငမ်းရင်း ဇာတ်လမ်းရဲ့လျှို့ဝှက်ချက်တွေကို အတူတူလိုက်ဖော်ထုတ်ရမှာမို့ လုံးဝလက်မလွှတ်ဘဲအားပေးကြဖို့ ညွှန်းလိုက်ပါတယ်နော်။