Glass Heart グラスハート FHD

Glass Heart グラスハート

Drama FHD 2025-07-31 8.5

ပွဲဦးထွက်ခါနီး တီးဝိုင်းကနေ ထုတ်ခံလိုက်ရပြီး ဖျော်ဖြေပွဲဆိုတာ အစိမ်းသက်သက်ဖြစ်နေသူ ဆိုင်းဂျိုး အာခါနဲ (Miyazaki Yu)...အတိတ်က အဖြစ်အပျက်တချို့ကြောင့် တစ်ယောက်တည်းဖြစ်နေတဲ့ ထူးချွန်ဂီတပညာရှင် ဖူဂျီတာနီ နာအိုခီ (Satoh Takeru)...ဂီတကို ရူးသွပ်ပေမဲ့ လမ်းပျောက်နေကြတဲ့ ဂီတာသမား တာကာအိုကာ ရှို (Machida Keita) နဲ့ စန္ဒယားပညာရှင်လေး ဆာကာမိုတို ကာဇူရှီ (Shison Jun)....ဒီလူငယ်လေး(၄)ယောက်နဲ့ စုဖွဲ့ထားတဲ့ TENBLANK တီးဝိုင်းဟာ ဆန်းသစ်တဲ့ ဖျော်ဖြေတီးခတ်မှုတွေနဲ့ ပွဲဦးထွက်ပြီး မကြာခင်မှာပဲ တဟုန်ထိုး နာမည်တက်လာခဲ့ပါတယ်။ နာမည်ကြီးတာတာနဲ့အမျှ အတိုက်အခိုက်တွေ ထိုးနှက်ချက် စိန်ခေါ်ချက်တွေများလာတဲ့အခါ...TENBLANK အဖွဲ့ဝင်တွေ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်ပါ့မလား...TENBLANK အဖွဲ့ ဆက်လက်ရပ်တည်သွားနိုင်ပါ့မလားဆိုတာကိုတော့ သီချင်းလေးတွေနားထောင်ရင်း စီးမျောခံစားသွားရမှာပဲ ဖြစ်ပါတယ်။