အိုင်းယာလန်ရဲ့ ကမ္ဘာကျော် ထုတ်ကုန် Guinness(ဂင်းနစ်) ဘီယာအကြောင်းကို Enola Holme ထဲက မင်းသား Louis Partridge , GOT ထဲက ဂျက်ဖရေးတဖြစ်လဲJack Gleeson, James Norton တို့ဦးဆောင်ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲပါ။ဘီယာဘရန်းတစ်ခုကို ဇာတ်လမ်းပြန်ရိုက်ရလောက်တဲ့အထိ ဘာလို့ထူးခြားနေလဲဆိုတော့ ဒီအမှတ်တံဆိပ်အစပျိုးခဲ့တဲ့ ၁၈၆၈ ခုနှစ်က ဂင်းနစ်မိသားစုကြောင့်ပါ။ဖခင်ဖြစ်သူ ဘန်ဂျမင်ဂင်းနစ်ဆိုတာ ဒူဘလင်မြို့ရဲ့ မြို့မျက်နှာဖုံး လွှတ်တော်အမတ် လူတိုင်းကချစ်ခင်ရတဲ့လူကြီးလူကောင်းတစ်ယောက်ပါ။သူ့လက်ထက်မှာပဲ ဒီဂင်းနစ်အမှတ်တံဆိပ်ကိုစခဲ့ပြီး အဲ့တုန်းကတော့ ဒူဘလင်မြို့သားတွေအကြိုက် မြို့ခံအရက်ချက်စက်ရုံတစ်ခုအနေနဲ့ပဲရှိခဲ့တယ်။ဒါပေမဲ့ ဘန်ဂျမင်သေဆုံးပြီး ကျန်ခဲ့တဲ့ အာသာ..အန်နီ၊ အက်ဝက် ၊ ဘန်ဆိုတဲ့ သူ့သားသမီး ၄ ယောက်အတွက် ဖခင်ဖြစ်သူရဲ့ အရိုက်အရာကို ဆက်ခံဖို့ ဖြစ်လာပါတော့တယ်။ဂင်းနစ်ဘီယာအစပျိုးခဲ့တဲ့အချိန်ဆိုပေမဲ့ အိုင်းရစ်နဲ့ အင်္ဂလိပ်လူမျိုးတွေကြားက မစည်းလုံးသေးတဲ့ ယူနိုက်တက်ကင်းဒန်းနိုင်ငံစု ပဋိပက္ခတွေ၊ ဒူဘလင်မြို့က လူမိုက်ဂိုဏ်းတွေ၊ဆူပူအုံကြွမှုတွေကြားကနေ အိုင်းရစ်ဘီယာ ဘယ်လိုကမ္ဘာကျော်လာလဲ ကြည့်ရမှာပါ။