ချာဆူယွန်း(Eugene)ဟာ အရင်က အမျိုးသားလွှတ်တော်အမတ်တစ်ဦးဖြစ်ခဲ့ပေမဲ့ သူမရဲ့နိုင်ငံရေးဆန္ဒတွေကိုထုတ်ဖော်ပြသခွင့်မရခဲ့တာကြောင့် လက်ရှိသမ္မတရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်နေတဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ ဟျွန်းမင်ချော(Ji Hyun Woo)ရဲ့ မဲဆွယ်ကာလတစ်လျှောက်လုံးမှာ အေးအတူပူအမျှ အတူရှိရင်းနဲ့ ပါရမီဖြည့်ပေးနေတတ်တဲ့သူပါအဲဒီလိုနဲ့ ဟျွန်းမင်ချောက သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရပြီး သမ္မတရာထူးကိုမတက်ခင် ၆၇ရက်အလိုမှာ ချာဆူယွန်းကို ကွာရှင်းဖို့တောင်းဆိုပါတော့တယ်သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက တဖြည်းဖြည်းနဲ့ ပိုအေးစက်လာပြီး ဒီလိုအခြေအနေကို ပိုဆိုးရွားလာအောင်ဖန်တီးတဲ့သူကတော့ ဟျွန်းမင်ချောရဲ့အတွင်းရေးမှူးနဲ့ လူယုံတော် ရှင်းဟယ်ရင်း(Lee Min Young)ပဲဖြစ်ပါတယ်ဒါကြောင့် အမြင့်ဆုံးကိုရောက်သွားတော့မှ ကိုယ့်ကိုကျေးဇူးကန်းသွားတဲ့ယောက်ျားကို ချာဆူယွန်းတစ်ယောက် ဘယ်လိုပညာပေးသွားမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ရအောင်နော်