Walking on Thin Ice 은수 좋은 날 FHD

Walking on Thin Ice 은수 좋은 날

Crime Drama Mystery FHD 2025-09-20 8.3

ဂန်အွန်းဆူ (Lee Young-Ae) ဟာ ကြီးကျယ်ခမ်းနားတဲ့ဘဝကို တစ်ခါမှ အိပ်မက်မမက်ဖူးဘဲ ခင်ပွန်းဖြစ်သူနဲ့ သမီးလေးတို့နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်ဖို့ပဲ ဆန္ဒရှိတဲ့ သာမန်အိမ်ထောင်ရှင်မတစ်ယောက်ပါ။ ဒါပေမဲ့လည်း ခင်ပွန်းဖြစ်သူမှာ ကင်ဆာရောဂါရှိနေတယ်ဆိုတာ ရုတ်တရက် သိလိုက်ရတဲ့နောက်မှာတော့ ငွေကြေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်လာရပါတော့တယ်။ဒီလိုနဲ့ တစ်နေ့ အွန်းဆူတစ်ယောက် မူးယစ်ဆေးဝါးတွေပါတဲ့ အိတ်တစ်အိတ်ကို မထင်မှတ်ဘဲ ရှာတွေ့ခဲ့ပြီး အဲဒီမူးယစ်ဆေးဝါးအိတ်ဟာ သမီးဖြစ်သူရဲ့ကျောင်းမှ အနုပညာဆရာဖြစ်တဲ့ အီဂယောင်း (Kim Young-Kwang)နဲ့ ဆက်စပ်နေတယ်ဆိုတာ သိလိုက်ရပြီးနောက် မိသားစုအတွက် ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် အွန်းဆူဟာ အီဂယောင်းနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီး မူးယစ်ဆေးလောကထဲကို ခြေစုံပစ်ဝင်ခဲ့ပါတော့တယ်။ဒီလိုနဲ့ အွန်းဆူနဲ့ အီဂယောင်းတို့ရဲ့ မူးယစ်ဆေးလုပ်ငန်းဟာ အလုပ်ဖြစ်လာတာနဲ့အမျှ မူးယစ်ဆေးဝါးစုံစမ်းစစ်ဆေးရေးဌာနက စုံထောက် ဂျန်ထယ်ဂူ (Park Yong-Woo) အပါအဝင် ရဲတွေရဲ့ သတိထားမိခြင်းကို ခံလာရပြီး မရောရာတဲ့ အနာဂတ်နဲ့ ရင်ဆိုင်လာရတဲ့ သူတို့နှစ်ဦးသား အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာကို အပတ်စဥ် စနေ၊ တနင်္ဂနွေန