ထူးဆန်းတဲ့ စွမ်းရည်တစ်ခု ရသွားတဲ့ စုံထောက် တင်းချီက သူ့စွမ်းရည်ကိုသုံးပြီး ခက်ခဲတဲ့ အမှုတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။တစ်နေ့မှာတော့... သံသယဖြစ်ဖွယ် X ဆိုတဲ့ လူက လူသတ်မှုကြိုတင်အသိပေးစာ ပေးပို့လာခဲ့ပါတယ်။ အရင်က X ရဲ့ ပြီးပြည့်စုံနေတဲ့ ပြစ်မှုကျူးလွန်နည်းတွေကို ကြည့်ပြီး ဒီ X ဆိုတဲ့လူကလည်း သူ့လိုပဲ အချိန်ပြန်လှည့်နိုင်တဲ့ စွမ်းရည်ရှိနေလား" ဆိုပြီး သံသယဆက်ဝင်နေခဲ့ပါတယ်တင်းချီခေါင်းဆောင်တဲ့ စုံထောက်အဖွဲ့က အမှုကို စစ်ဆေးရင်းစစ်ဆေးရင်းနဲ့ သံသယတွေ ထောင်ချောက်တွေ ဝိုင်းစပြုလာပါတယ်။ ဇာတ်လမ်းက နက်ရှိုင်းလာတာနဲ့အမျှ ပါဝင်ပတ်သက်နေတဲ့လူတွေလည်းများလာခဲ့ပါတယ် ဒီလိုနဲ့တင်းချီတစ်ယောက် ဘယ်လိုဆက်ပြီးစုံစမ်းစစ်ဆေးသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကောင်းအောင် တင်ဆက်ထားတာမလို့ အတူကြည့်လိုက်ကြရအောင်နော်