မိစ္ဆာတစ်ပါးအဖြစ်မွေးဖွားလာတဲ့ ပိုင်ရှောင်ယင်းက သူ့အဖေဖြစ်သူအတွက်လက်စားချေပေးဖို့ အမတနတ်ဘုရားဖြစ်မဲ့လမ်းစဉ်ကို လိုက်ရှာနေခဲ့ပါတယ်။ ကံကြမ္မာရဲ့စေစားမှုအရ နဝကိုးဘုံကအရှင်သခင်ဖြစ်တဲ့ယဲ့ချန်ယွမ်နဲ့ တွေ့ဆုံခဲ့ပြီး အမတနတ်ဘုရားဖြစ်မဲ့လမ်းစဉ်နဲ့ ပတ်သင်သမျှကို တွေ့ရှိသွားပါတော့တယ်။ မိစ္ဆာနဲ့နတ်ဘုရားက ဘယ်လိုဖြစ်ဖြစ်ဆုံဆည်းရမဲ့ကံကြမ္မာမဟုတ်လေတော့ ချန်ယွမ်ကိုချစ်မိသွားတဲ့ရှောင်ယင်းတစ်ယောက် ဒုက္ခပင်လယ်ဝေရင်း နာကျင်မှုတွေကိုပါခံစားခဲ့ရပါတယ်။မိစ္ဆာမှန်းသိရက်နဲ့ မေတ္တာသက်ဝင်မိတဲ့ ချန်ယွမ်ကလဲ သူ့မိစ္ဆာမလေးကို လက်မလွှတ်နိုင်ဖြစ်ခဲ့ပါတယ်။လက်စားချေမှုကိုအရင်းခံပြီး ဖြစ်တည်လာတဲ့ချစ်ခြင်းမေတ္တာ၊ အနစ်နာတွေ၊ စတေးခံစွန့်လွှတ်မှုတွေအတွက် တစ်ဝကြီးငိုရမှာမို့ ကြည့်ရှုသူအပေါင်းလဲတစ်ရှုးလေးဆောင်ထားပြီးကြည့်ကြပါလို့ ပြောကြားရင်း ဒီစီးရီးလေးကို စောင့်မျှော်ကြည့်ရှုစီးမြောပေးကြပါအုံး။