နာမည်ကြီးမော်လမ်အဆိုတော် ဖင်မ်ဒေါင်နဲ့ ချဝင်းတို့က လင်မယားတွေဖြစ်ပြီး “ဆောင်နွိင်းဖိတ်ဘန့်ဖန်”တီးဝိုင်းအဖွဲ့ကိုလည်း တည်ထောင်ထားသူတွေပါ။ချဝင်းရဲ့ညီ ဝါယုကတော့ ငွေအားလူအားရော ဒီတီးဝိုင်းအဖွဲအတွက်ရင်းထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ဝါယုဟာ အန်နာနဲ့လမ်းခွဲပြီးနောက် ဂျာမနီမှာသွားနေပြီး ပြန်ရောက်လာတဲ့အခါမှာပဲ ဒီတီးဝိုင်းဟာ နာမည်လည်းတော်တော်ရနေပြီဖြစ်တာကြောင့် ရည်းစားဟောင်း အန်နာက သူ့တီးဝိုင်းထဲအဆိုတော်အနေနဲ့ပြန်ရောက်လိုလာပါတယ်။အန်နာကို ချဝင်းကပဲ ခေါ်ဆောင်လာတာဖြစ်သလို ဖင်မ်နဲ့အပြိုင်အဖြစ် တီးဝိုင်းမှာ လာထားလိုက်သလိုပါပဲဒီလို ကျားနှစ်ကောင် တစ်ဂူထဲအောင်းမရဘူးဆိုတဲ့အတိုင်း မော်လမ်အဖွဲ့ဟာ နှစ်ဖွဲကွဲသွားရာကနေ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာက “ မော်လမ်တို့ရဲ့သံစဉ်စီးချင်း”ဇာတ်ကားထဲကြည့်ရအောင်ပါ