ဇာတ်လမ်းအကျဉ်းကတော့ Xiao Ming Ming (Cheng Yi) ဟာ လူငယ်ဘဝမှာ သိုင်းဝတ္ထုတွေကိုစွဲလမ်းနှစ်သက်တဲ့ စိတ်အားထက်သန်ပြီး တရားမျှတမှုကိုလိုလားတဲ့ ကောင်လေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ လုပ်ငန်းခွင်ဝင်လာတဲ့အခါမှာတော့ လူမှုပတ်ဝန်းကျင်ရဲ့လက်တွေ့ဆန်တဲ့ဘဝမှာဖိအားတွေကြောင့် စိတ်အားထက်သန်မှုတွေနည်းပါးလာပြီးတော့ သာမန်လူငယ်လေးအဖြစ်ပြောင်းလဲသွားခဲ့တယ်။ သူ့ရဲ့သူရဲကောင်းဆန်တဲ့စိတ်ကို အွန်လိုင်းပေါ်မှာပဲ သိုင်းဝတ္ထုတွေရေးရင်း အပ်နှင်းထားခဲ့တယ်။အဲဒီနောက်မှာ ကုမ္ပဏီကနည်းပညာမြင့်စနစ်တစ်ခုဖြစ်တဲ့ ဝတ္ထုအတွက်အခြေခံအကြောင်းအရာတွေကိုထည့်သွင်းပေးရုံနဲ့ စနစ်ကိုသုံးစွဲတဲ့သူကို ဇာတ်လမ်းရဲ့ဇာတ်ဆောင်အဖြစ်ပို့ဆောင်ပေးနိုင်ပြီးတော့ သုံးစွဲသူရဲ့လုပ်ဆောင်မှုတွေကိုအခြေခံပြီးတော့ ဇာတ်လမ်းကိုဆက်ဖန်တီးပေးပြီး ဝတ္ထုအဖြစ်ထုတ်လုပ်ပေးနိုင်တဲ့စနစ်ဖြစ်ပါတယ်။စာရေးဆရာတစ်ယောက်အနေနဲ့ Xiao Ming Ming ဟာ ဝတ္ထုထဲကဇာတ်ဆောင် Xiao Qiu Shui အဖြစ် သိုင်းလောကခရီးကိုစတင်လိုက်ပါတယ်။ ဒီခရီးမှာ အာဏာဂိုဏ်းသားများရဲ့လုပ်ကြံမှုတွေ၊ ရှောင်းမိသားစုဒုက္ခကြုံပြီးမိဘနဲ့ညီကိုဆုံးပါးမှုတွေစတဲ့မုန်တိုင်းတွေကြုံလာရပါတယ်။ စိန်ခေါ်မှုတွေကိုကျော်ဖြတ်ရင်း အညတရသိုင်းသမားလေးဘဝကနေ သိုင်းလောကရဲ့သူရဲကော