The Dark Dice เกมทอยทะลุมิติ FHD

The Dark Dice เกมทอยทะลุมิติ

Drama FHD 2025-09-10 8.3

ဒီဇာတ်ကားလေးကတော့ GMMTV က ထုတ်လုပ်ရိုက်ကူးထားတဲ့ thriller နဲ့ horror အမျိုးအစားဖြစ်ပြီး လူငယ်တစ်စုဟာ အမည်မသိဂိမ်းတစ်ခုကို ကစားမိရာကနေ ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရပုံကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာ ရှင်သန်နိုင်ဖို့အတွက် သူတို့ဟာ လျှို့ဝှက်ချက်တွေနဲ့ လိမ်ညာမှုတွေကို အသုံးချပြီး တစ်ယောက်ကိုတစ်ယောက် သစ္စာဖောက်ကြရပါတယ်။ ဘာလို့လဲဆိုတော့ ဒီဂိမ်းဟာ သူတို့အတွက် အသက်အန္တရာယ်ရှိနေလို့ပါပဲ။ဘယ်သူ့ကိုမှ မယုံကြည်ဘဲ ရွေးချယ်မှုတွေ ပြုလုပ်ခဲ့တဲ့သူ​တွေနဲ့အချင်းချင်း ကူညီဖေးမပြီး စစ်မှန်တဲ့မိတ်ဆွေဖွဲ့ခြင်းကို ရွေးချယ်ခဲ့တဲ့သူတွေဘယ်သူတွေက ရှင်သန်နိုင်မလဲဆိုတာ ဇာတ်သိမ်းမှပဲ သိရမှာပါ။ဘယ်သူ့ကိုမှ မယုံကြည်ဘဲ ရှင်သန်ဖို့အတွက် ဘယ်လို ကြိုးစားရလဲ ဆိုတာနဲ့"ကံကြမ္မာနဲ့ ဘယ်တော့မှ မကစားသင့်ဘူး" ဆိုတဲ့ ဆိုရိုးစကားကို အဓိကရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။