ဂျပန်နိုင်ငံမှာ တရားရင်ဆိုင်ရတဲ့ ရာဇဝတ်မှုတွေရဲ့ ၉၉.၉% ဟာ ပြစ်ဒဏ်ချမှတ်ခံရလေ့ရှိပါတယ်။ကျူးလွန်တဲ့ပြစ်မှုနဲ့ထိုက်တန်တဲ့ တရားစီရင်အပြစ်ပေးမှုဖြစ်စေဖို့ အမှုစစ်ဖြစ်တဲ့မာဆာကီ အာကီဇုမီကိုယ်တိုင်လည်း ကြိုးပမ်းနေခဲ့ပါတယ်။ဒါပေမဲ့ ဂျပန်နိုင်ငံရဲ့ တရားစီရင်ရေးစနစ်ရဲ့ ဟာကွက် လှည့်ကွက်တွေကို သတိထားမိလာသူအာကီဇုမီဟာ အမှုစစ်ရှေ့နေအဖြစ်မှ နှုတ်ထွက်ကာ ကိုယ်ပိုင်ရှေ့နေရုံးခန်းဖွင့်လှစ်ခဲ့ပါတယ်။ဒီနောက်မှာတော့ ရှေ့နေအာကီဇုမီဟာ သူ့ရဲ့ အမှုသည်တွေကို တရားသေ ကွင်းလုံးကျွတ်လွတ်ဖို့ ကြိုးစားခဲ့ပါတယ်။ရှိုတို အာခါမီနဲ ဆိုတဲ့ရှေ့နေဟာလည်း မတရား ချောက်ချ စွပ်စွဲခံရသူ အမှုသည်ကို ခိုင်လုံတဲ့သက်သေ မတင်ပြနိုင်တဲ့အတွက် သူ့အမှုသည်လည်း နာမည်ပျက် ထောင်ကျသွားခဲ့ရပါတယ်။သူ့အမှုသည်ရဲ့ အပြစ်ကင်းမှုကို သက်သေပြပေးချင်တဲ့ အာခါမီနဲဟာ ကျူးလွန်တဲ့ အပြစ်ကနေတရားသေကွင်းလုံးကျွတ်လွတ်အောင် ရှေ့နေလိုက်ပေးနိုင်တဲ့ အာကီဇုမီနဲ့ သွားရောက်ပူးပေါင်းရင်းအတူ အလုပ်တွဲလုပ်ဖြစ်သွားပါတော့တယ်။တစ်နေ့ လွှတ်တော်အမတ်ရဲ့သား တိုမိတာ ရှိုအိချီရိုဆိုသူရဲ့ အမှုကို လက်ခံလိုက်ပြီးနောက်မှာရှေ့နေ အာကီဇုမီရဲ့ လျှို့ဝှက်ရည်မှန်းချက်တွေဟာ တဖြည်းဖြည်း ထင်ရှားလာတဲ့အခါမှာတော့...အာကီဇုမီရဲ့ ရှေ့