Such Brave Girls FHD

Such Brave Girls

Comedy Drama FHD 2023-11-22 7.1

ဒက်ဘ်၊ ဂျိုစီနဲ့ ဘီလီဆိုတဲ့ သားအမိသုံးယောက်ရှိတယ်။ ယောကျ်ားဖြစ်သူက လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းကလဖက်ရည်အိတ်ဝယ်ဖို့ဆိုပြီး ထွက်သွားတာ ခုထိပြန်မလာဘူး။ ဒက်ဘ်ခင်ဗျာ အကြွေးပင်လယ်ထဲ ဇောက်ထိုးနစ်ပြီးဘဝကို ပက်လက်တမျိုး၊ ယက်ကန်တမျိုး ရုန်းကန်ရင်းနဲ့ အိမ်အကြီးကြီးပိုင်တဲ့ ဒက်ဗ်ဆိုတဲ့ ဘဲကြီးတစ်ဗွေကိုဦးနှောက်နဲ့ချစ်မိသွားတယ်။ တစ်မိသားစုလုံးကို ကယ်တင်မယ့် မိခင်တစ်ယောက်ရဲ့ မဟာဗြူဟာမြောက် အကြံ။အကြီးမ ဂျိုစီကတော့ စိတ်ဓာတ်မကျရရင် မနေနိုင်တဲ့ ဒီပျက်ရှင်ကောင်မဆိုးလေး။မနက်အိပ်ယာထ ငါ ဆူဆိုက်လုပ်ရမယ်၊ ညအိပ်ယာဝင် လက်ကောက်ဝတ်လှီးလိုက်ရင်ကောင်းမယ်ဆိုပြီးတွေးနေတဲ့လူ။ သူ့မှာ ဆက်ဘ်ဆိုတဲ့ကောင်လေးရှိတယ်။ ဆက်ဘ်က ဂျိုစီကိုတွယ်ကပ်သလောက် ဂျိုစီက ဆက်ဘ်ကို မချစ်ဘူး။ ဘာလို့လဲဆိုတော့ ဂျိုစီကသူ့ကိုယ်သူလိုက်ရှာဖွေနေတဲ့လူတစ်ယောက်။ သူ့ကိုယ်သူရှာမတွေ့ခင်မှာ ဘယ်သူ့မှကိုမှမချစ်ချင်ဘူး။စာရေးဆရာကြီး မင်းသိင်္ခပြောခဲ့သလိုပဲ “ငါဟာငါ့ကိုယ်လိုက်ရှာရင်း ငါပျောက်ဆုံးသွားတယ်”။ဂျိုစီဟာလည်းအဲလိုပဲ သူ့ကိုယ်သူလိုက်ရှာရင်း သူဟာဂေးတစ်ယောက်ပါဆိုပြီး ဖြစ်သွားပြန်တယ်။သူ့ကိုယ်သူဂေးလား မဂေးလား ဆန်းစစ်ရင်း ဆူဆိုက်လုပ်မယ့်အကြံလေးတွေတွေးရင်းနဲ့ဘဝကို မပျော်ပျော်ကြီး ဖြတ်သန်းနေရခဲ့