"သူငယ်ချင်းသုံးယောက် ရှိလေသည် ""လူတွေမှာ ပြဿနာတစ်ခုခုသာမရှိခဲ့ရင် တိုးတက်လာစရာအကြောင်းလည်း မရှိဘူး" တဲ့...။ဒီစီးရီးထဲက စာသားလေးတစ်ကြောင်းပါ။လူ့ဘ၀ဆိုတာ ရုန်းရင်းကန်ရင်းနဲ့ ပြဿနာတွေဖြေရှင်းရင်းနဲ့ရှေ့ကိုဆက်တိုးလာကြရတဲ့ သဘောပါပဲ။ဘွဲ့ရပြီး အလုပ်ရဖို့ကြိုးစားရှာဖွေပေမဲ့ အလုပ်လက်မဲ့ဘ၀နဲ့လတ်လျားလတ်လျားဖြစ်နေတဲ့ သူငယ်ချင်းသုံးယောက်...။တစ်ယောက်က အချစ်အတွက် ရှားပါးလှတဲ့အလုပ်အကိုင်အခွင့်အရေးကို စွန့်လွှတ်ရင်းအလုပ်လက်မဲ့ဖြစ်နေတဲ့ ကိုလူချော...။တစ်ယောက်က အကြွေးတင်နေတဲ့ သာမန်မိသားစုမှာ ပေါက်ဖွားလာသူ...၊ကြုံရာ၀င်လုပ်ရင်း အလုပ်အင်တာဗျူးပေါင်းစုံဖြေပေမဲ့ အမြဲစာမေးပွဲကျနေသူ...။တစ်ယောက်က သရုပ်ဆောင်ရူး...။ မိဘကငွေကြေးတတ်နိုင်ပြီးအိမ်စီးပွားရေးကိုကြည့်ခိုင်းပေမဲ့ လက်ကြောမတင်းဘဲလတ်လျားလတ်လျား လေလွင့်နေသူ...။သူတို့သုံးဦးရဲ့ဘ၀ကို ဘယ်လိုရှေ့ဆက်ကြမလဲ၊ ဘာတွေကြုံတွေ့ရဦးမလဲ၊လုပ်ချင်သလိုမဖြစ်ဘဲ ဖြစ်ချင်သလိုဖြစ်တတ်တဲ့ဘ၀မှာ လိုချင်တဲ့ပန်းတိုင်ကိုရောက်ပါ့မလားဆိုတာတွေကို မိသားစုရေး၊ အချစ်ရေး၊သူငယ်ချင်းသံယောဇဉ်တို့နဲ့အတူ ရသစုံစုံ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။