Gold Panning 淘金 FHD

Gold Panning 淘金

Crime Drama Mystery FHD 2022-01-18 8

၁၉၈၆ ခုနှစ်မှာ ချန်ပေါင်ကျင်းလို့ခေါ်တဲ့ အသက် ၂၀ အရွယ်ကောင်လေးတစ်ယောက်က ရွှေတူးဖော်တဲ့နေရာကို ရောက်လာခဲ့တယ်။ အကြောင်းရင်းကတော့ သူ့အစ်ကိုက ရွှေတွင်းမှာအလုပ်လုပ်ရင်း အိမ်ပြန်မလာတော့သလို ပျောက်ဆုံးသွားတာဖြစ်တဲ့အတွက် လာရှာတာပါ။ အစ်ကိုဖြစ်သူရဲ့ မသင်္ကာစရာ ပျောက်ဆုံးသွားမှုကို လိုက်စုံစမ်းရင်းနဲ့ ချန်ပေါင်ကျင်းလေးဟာ သေရေးရှင်ရေးအခြေအနေတွေနဲ့ ကြုံကြိုက်လာရတယ်။ ရွှေတွင်းလုပ်ငန်းနယ်မြေထဲက ဂိုဏ်းအဖွဲ့တွေကြားက အားပြိုင်မှုတွေကြားမှာ သူဟာ ကြားညှပ်သွားခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ ထူးဆန်းတဲ့ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုဖြစ်လာသလို သူ့အစ်ကို ပျောက်ဆုံးသွားရတဲ့ သဲလွန်စတွေကို တွေ့လာခဲ့ရတယ်။အဲဒီသဲလွန်စတွေနောက်ကိုလိုက်ရင်း ချန်ပေါင်ကျင်းက ဘယ်လိုအခက်အခဲတွေဒုက္ခတွေကို ကျော်ဖြတ်ရမလဲ၊ သူ့အစ်ကို ပျောက်ဆုံးသွားရတဲ့ အမှန်တရားကို ရှာတွေ့သွားမလားဆိုတာကိုတော့ ဟောဒီ Gold Panning ဇာတ်ကားလေးထဲမှာ ပရိသတ်ကြီးတို့ကိုယ်တိုင် အဖြေရှာလိုက်ပါနော်။