ကောင်မလေးတွေကို အဓိကပစ်မှတ်ထားလိမ်လည်ပြီး ငွေရှာတဲ့ call center က ကောင်လေးဖြစ်တဲ့ "လစ်" တစ်ယောက်ကတော့ "ဖမ်"ဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီးလိမ်ဖို့ကြိုးစားနေတုန်းမှာပဲ ချစ်မိသွားခဲ့ပါတယ် ဖမ်က အစစ အရာရာနားလည်ပေးတတ်ပြီး အနွံတာခံတတ်တဲ့သူမို့ ဒီလိုမျိုး အလိမ်အညာနဲ့ စခဲ့တဲ့ အချစ်ရေးက တည်မြဲနိုင်ပါ့မလား .............call center ကနေတစ်ဆင့်လိမ်လည်နေကြတဲ့ လူလိမ်ဂိုဏ်းတွေကတော့ လူမှုပတ်ဝန်းကျင်မှာလည်း ကြုံတွေ့နေရတဲ့အကြောင်းအရာမို့ ရှေ့ဆက်မှာဘာတွေဆက်ဖြစ်ပြီးဘယ်လိုမျိုးအဆုံးသတ်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်နော်