Queen Mantis 사마귀: 살인자의 외출 FHD

Queen Mantis 사마귀: 살인자의 외출

Crime Drama Mystery FHD 2025-09-05 8.3

ဂျောင်အီရှင်း (Go Hyun-jung)ဟာ Mantis (ဓါးခုတ်ကောင်)ဆိုတဲ့ နာမည်ပြောင်ကို အသုံးပြုပြီးကွင်းဆက်လူသတ်မှုတွေကို ကျူးလွန်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။  သူမဟာ လွန်ခဲ့တဲ့နှစ်၂၀ ခန့်က လူ၅ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာလည်း ထောင်ထဲမှာ သေဒဏ်ကျခံထားရသူ ဖြစ်ပါတယ်။သူမရဲ့ သားဖြစ်သူကတော့ ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ ချာဆူယော (Jang Dong Yoon)ဖြစ်ပြီး ဆူယောဟာ သူရဲ့မိခင်ဖြစ်သူကို သူ့ဘဝတလျှောက်လုံး စက်ဆုပ်မုန်းတီးလာခဲ့တဲ့သူ ဖြစ်ပါတယ်။တစ်နေ့မှာတော့ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး . . အဲဒီလူသတ်မှုကို စစ်ဆေးကြည့်တဲ့အခါ တရားခံက လွန်ခဲ့တဲ့ နှစ် ၂၀က  Mantis ကျူးလွန်ခဲ့တဲ့ပုံစံမျိုး အတုခိုးထားတာကိုတွေ့လိုက်ရပါတယ်။ဒီအချက်ကြောင့်ပဲ လူသတ်တရားခံကို ဖမ်းနိုင်ဖို့အတွက် ဆူယောဟာ သူမုန်းတီးနေတဲ့ မိခင်ဖြစ်သူ ဂျောင်အီရှင်းရဲ့ အကူအညီကိုယူဖို့ ဖြစ်လာပါတော့တယ်။ ဂျောင်အီရှင်းက အဲဒီလူသတ်မှုနဲ့ ဘယ်လိုတွေများ ပတ်သက်နေမလဲ . .။ ဆူယောကရော မိခင်ဖြစ်သူရဲ့ အကူအညီနဲ့လူသတ်တရားခံကို နောက်ဆုံးမှာ ဖော်ထုတ်နိုင်မှာလား . .  ဆိုတာကို ပဟေဠိဆန်ဆန် လျှို့ဝှက်သည်းဖို ကြည့်ရှုရမဲ့ မှုခင်းဇာတ်လမ်းကောင်းလေးဖြစ်တာမို့ အပတ်စဉ် သောကြာနေ့နဲ့စနေနေ့တိုင်း စောင့်မျှော် ကြည့်ရှုလိုက်ပါဦးနော်။