ပရိသတ်ကြီးတို့ရေ ဖန်တစ်ရာထေနေလည်း ဘယ်တော့မှ မရိုးနိုင်တဲ့ mini series လေးကို တင်ဆက်ပေးပါရစေရှင့်။ ဒလီဗာရီသမားလေးအဖြစ် ဟန်ဆောင်ရုပ်ဖျက်ထားတဲ့ အငြိမ်းစားသူဌေးကြီး ကောင်းဖုန်းကို ချင်းမူလုပ်ငန်းစုက စီအီးအိုစူးချင်းယန်က တကယ့်သူဌေးအစစ်ဖြစ်ကြောင်းကို မသိဘဲ ၎င်းရဲ့ခင်ပွန်းသည်အတုအဖြစ် အယောင်ဆောင်ပေးဖို့အတွက် ငှားရမ်းခဲ့ပါတယ်။ အတုအယောင်အိမ်ထောင်ရေးတစ်ခုကို စတင်လိုက်တဲ့အချိန်မှာပဲ ၎င်းတို့ရဲ့သရုပ်မှန်တွေကို ဖုံးကွယ်ရင်း ခံစားချက်တွေဟာ ရောထွေးရစ်ပတ်ကုန်ပါတော့တယ်။ကောင်းဖုန်းက သူဌေးကြီးတစ်ယောက်ဆိုတော့ ရည်းစားချောချောလေးများလည်း ရှိခဲ့တာပေါ့။ရည်းစားဟောင်းများဖြစ်တဲ့ ထိပ်တန်းမင်းသမီး မမချော၂ယောက်ကလည်း ကောင်းဖုန်း ရုပ်ဖျက်ပြီး နေထိုင်နေတဲ့ ဘဝအကြောင်းကိုပါ နောက်ပိုင်းမှာသိရှိသွားတဲ့အခါ ဇာတ်လမ်းကတော့ ရေရေလည်လည် ရှုပ်ထွေးပြီး အူတွေအသည်းတွေ ယားလာစေရပါ့မယ်ရှင့်။ တင်မဟုတ်ကြောင်းကို ကြည့်ရှုခံစားကြည့်လိုက်ကြပါဦးလားရှင့်။