Andhera’ တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ အမှောင်ထုအမှောင်ထုဆိုတာ ကျွန်တော်တို့လို အလင်းနဲ့အမှောင် ဒွန်တွဲနေတဲ့လောကကြီးမှာ နေထိုင်သူတွေအတွက် အထူးအဆန်းမဟုတ်ပါဘူး။ဘာလို့ဆို ဒီအမှောင်ထုဆိုတာက ကျွန်တော်တို့စိတ်ဝိညာဉ်ရဲ့ အတွင်းဆုံးတစ်နေရာမှာ အမြဲကိန်းအောင်းနေလို့ပါပဲ။ဒါပေမဲ့ ဒီအမှောင်ထုက အသက်ဝင်လာပြီး လူသားတွေကို ဝါးမျိုနေတယ်ဆိုရင်တော့….ဂျေးရှေးဆိုတဲ့ဆေးကျောင်းသားလေးက အစ်ကိုနဲ့တူတူ မတော်တဆဖြစ်တဲ့နေ့မှာ အသက်ဝင်နေတဲ့အမှောင်ထုကို မျက်ဝါးထင်ထင် မြင်လိုက်ရပါတယ်။ဒီမတော်တဆမှုကြောင့်ပဲ သူလည်းစိတ်ဒဏ်ရာရခဲ့သလို သူ့ရဲ့အစ်ကို ပရီသီလည်း ကိုမာဝင်သွားခဲ့တာပေါ့။ဒါပေမဲ့ မတော်တဆမှုအပြီးနောက်တစ်နေ့မှာ အိပ်မက်ထဲမှာ အမှောင်ထုက နောက်ထပ်ကောင်မလေးတစ်ယောက်ကို ဝါးမျိုးနေဝာာကိုမြင်ခဲ့ပြီး အဲဒီနေ့မှာပဲ သူ့အိပ်မက်ထဲကဘာနီဆိုတဲ့ကောင်မလေးက အပြင်မှာပါ ပျောက်ဆုံးသွားပါသတဲ့။ဒီလိုနဲ့ ဘာနီလူပျောက်မှုကို စုံစမ်းနေတဲ့ ရဲမေ၊ ဂျေးရှေးနဲ့ Into the darkness ဆိုတဲ့ အစီအစဉ်ရဲ့ host ရူမီတို့ ဒီပဟေဠိရဲ့အဖြေကို ဘယ်လိုစုံစမ်းကြမလဲ ရှုစားကြပါဦး။