Black Pearl FHD

Black Pearl

Drama FHD 2017-09-28 7.4

ငယ်ရွယ်လှပတဲ့ ဟာဇယ်(Hande Ercel)ဆိုတဲ့မိန်းမငယ်လေးဟာ သူမရဲ့ချစ်သူဖြစ်တဲ့ရုပ်ချောချောတံငါသည်လေး ခယ်နမ် (Tolgahan Sayisman) နဲ့ လက်ထပ်ဖို့ပြင်ဆင်နေခဲ့ပါတယ်…အဲဒီအချိန်မှာပဲ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဗူရယ်(Berk Hakman)ဟာသူရဲ့ သေဆုံးသွားပြီဖြစ်တဲ့ အမျိုးသမီး နက်ဇ်နဲ့ လွန်စွာမှ ရုပ်ချင်းဆင်တူလှတဲ့ ဟာဇယ်ကိုသူ့မွေးနေ့ပါတီမှာ စားပွဲထိုးအဖြစ်လုပ်ကိုင်နေတာမြင်ပြီး ဟာဇယ်ရဲ့ မင်္ဂလာပွဲမတိုင်ခင် ရက်အပိုင်းအလိုမှာမှခြိမ်းခြောက်ဖျက်သိမ်းခိုင်းခဲ့ပါတယ်…အဲဒီနောက် သူ့ကို အတင်းအကြပ်လက်ထပ်ခိုင်းရာမှာတော့ဟာဇယ်နဲ့ ဗူရယ်အကြား ဘယ်လိုပဋိပက္ခတွေဖြစ်သွားမလဲ…တစ်ဖက်မှာလည်း ခယ်နမ်ဟာသူ့ကို ပိုက်ဆံကြောင့်နဲ့ ဟာဇယ် ထားသွားတယ်လို့ ထင်သွားတဲ့အခါ တစ်ဦးကို တစ်ဦး သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦးကရော ပြန်အဆင်ပြေနိုင်ပါ့မလား မထင်မှတ်ထားတဲ့ မိသားစုရေးရာလှည့်ကွက်တွေကိုဟာဇယ်တစ်ယောက် ရင်ဆိုင်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ရိုက်ပြထားတာမို့လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်…