Pegasus Market 쌉니다 천리마마트 FHD

Pegasus Market 쌉니다 천리마마트

Drama FHD 2019-09-20 8.2

ဒယ်မန်းအုပ်စုဆိုတာ ကိုးရီးယားရဲ့ ထိပ်ထိပ်ကျဲ လုပ်ငန်းတော်တော်များများကိုပိုင်ဆိုင်ထားတယ်….ထိပ်သီးစီးပွားရေးကုမ္ပဏီဖြစ်လို့ အလုပ်ဝင်ချင်သူတွေလည်းဒုနဲ့ဒေးပါပဲ…..ဒါရိုက်တာအဖွဲ့ဝင်တွေဟာလည်း ဒယ်မန်းတိုးတက်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားကြသလို အသစ်သစ်သော ကုန်ပစ္စည်းတွေထုတ်ဖို့ လုံးပန်းနေကြတယ်..တစ်နေ့တော့ ကုန်ပစ္စည်းသစ်ထုတ်ဖို့ အစည်းအဝေးတစ်ခုမှာ ကားဒီဇိုင်းတစ်မျိုးထုတ်သင့်မသင့်ဆုံးဖြတ်ကြတယ်……ရှုံးမယ်လို့ထင်လို့ ကန့်ကွက်တဲ့ ဒါရိုက်တာအဖွဲ့ဝင်ကြောင့် ပွဲပျက်သွားခဲ့တယ်…တခြားကုမ္ပဏီက အဲ့ဒီဇိုင်းကိုထုတ်လုပ်ခဲ့ပြီးအဲ့ကားဒီဇိုင်းဟာ ကိုရီးယားမှာ အအောင်မြင်ဆုံး ထုတ်ကုန်တစ်ခုတောင်ဖြစ်သွားတယ်..ဒယ်မန်းအတွက်ရှယ်ယာဈေးတွေကျသွားတဲ့အပြင်တကယ့်အချီကြီးရမယ့် ဈေးကွက်လွတ်သွားလေတော့ဥက္ကကြီးစိတ်ဆိုးပြီးတော့ ကန့်ကွက်တဲ့ဒါရိုက်တာကို ချောင်းမာလီဈေးကို ကွပ်ကဲဖို့လွှတ်လိုက်တယ်…အဲ့ဒီမှာဇာတ်လမ်းကစတော့တာပဲ…ချောင်းမာလီဈေးဆိုတာ သုသန်လောက်တောင်မစည်ကားဘူး…ဈေးနာမည်ခံတစ်ခုသာရှိပြီး ရောင်းအားလုံးဝမရှိတဲ့ဈေးကြီးအောင်မြင်အောင်ကွပ်ကဲဖို့ဆိုတာ သကြားမင်းတောင်လက်ရှောင်နိုင်တဲ့အခြေအနေမျိုး…ဒီလိုအခြေအနေကို သူဘယ်လိုဆွဲတင်မလဲ…ဒီစီးရီးက ချစ်ကြိုက်ကွဲငြားဇာတ်လမ်းတွဲမျိုးတော့မဟုတ်ဘူး…စီးပွားရေးလောကရဲ့ မာယာတွေနဲ့…ဒီလောကရဲ့ ပရိယာယ်အသွယ်သွယ်တွေကို လှလှပပလေး ပညာပေးရိုက်ပြသွားတဲ့ဇာတ်လမ်းတွဲဖြစ်ပါတယ်..ဗဟုသုတလည်းရသလိုကြည့်သင့်တဲ့စီးရီးတစ်ခုလည်းဖြစ်ပါတယ်….ဟာသလေးတွေပါသလို မှတ်သားစရာပေါင်းများစွာပါပါတယ်…အပိုင်း (၁၂)ပိုင်းထွက်ရှိမှာဖြစ်ပြီး အပတ်စဉ် သောကြာနေ့တိုင်းထွက်ရှိမှာဖြစ်ပါတယ်…ခံစားကြည့်ကြပါဦး….