Twelve Letters 十二封信 FHD

Twelve Letters 十二封信

ပရိတ်သတ်များအားလုံးမင်္ဂလာပါရှင့်။ ဒီနေ့ တင်ဆက် သွားပေးမယ့်ဇာတ်ကားလေးကတော့ Twelve Letters ဆိုတဲ့ဇာတ်ကား လေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးထဲမှာ အဓိကဇာတ်ဆောင် အနေနဲ့ when I fly towards you ဆိုတဲ့ကျောင်းသားဇာတ်လမ်းလေးနဲ့အရမ်းအောင်မြင်ပြီးတော့ ရန့်ရန့်ဆိုတဲ့နာမည်လေးနဲ့အမြဲတွဲမှတ်မိစေတဲ့ မင်းသားချောလေး ကျိုးယိရန်နဲ့ I am nobody ကားထဲကမင်းသမီးချောလေး ဝမ်ယင်လုတို့က တွဲဖက်သရုပ်ဆောင်ထားပြီးအပိုင်း (၁၂)ပိုင်းပါဝင်တဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။သာမန်ဇာတ်လမ်းပုံစံမျိုးမဟုတ်ဘဲ မှော်ဆန်တဲ့ မေးလ်ဘောက်ရယ်၊စာသင်ခန်းဟောင်းထဲကသင်ပုန်းတစ်ချပ်နဲ့ ခန့်မှန်းလို့မရတဲ့ရာသီဥတု အခြေအနေအဲဒါတွေနဲ့မတူညီတဲ့ အချိန်၂ခုနဲ့ နေရာ၂ခုကို ဆက်သွယ်ဖို့အတွက် စိတ်ကူးယဉ်ယန္တရားတစ်ခုကို ဖန်တီးပြီး လျို့ဝှက်ချက်တွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့စိတ်ကူးယဉ်မှုတွေပေါင်းစပ်ပါဝင်တဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ် ဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာ ကျေးရွာလေးကလူငယ်တစ်ဦးရဲ့ ကံကြမ္မာနဲ့ အချစ်ဇာတ်လမ်းကိုအခြေခံထားပြီး စိတ်ကူးယဉ်ပုံစံ ဖန်တီးထားတဲ့အပြင် သဲထိပ်ရင်ဖိုပြီးစိတ်လှုပ်ရှားစရာအတွေ့အကြုံကို ပေးစွမ်းထားပါတယ်။ ချစ်ရသူတစ်ဦး မသိမသာ ပျောက်ဆုံးသွားခြင်းနှင့် အတူထူးဆန်းတဲ့ အချိန်ကာလဆက်သွယ်မှုက အဓိကဇာတ်ကောင်အတွက် ရှုပ်ထွေးတဲပဟေဠိတစ်ခု ဖြစ်ပေါ်စေခဲ့ပါတယ်။ လျှို့ဝှက်ချက်တွေနဲ့ တိမ်မည်းအရိပ်မည်းတွေဖုံးလွှမ်းနေတဲ့အခြေအနေကနေ သဲလွန်စတွေအားလုံးကို စုစည်းပြီး အမှန်တရားကိုဘယ်လိုများရှာဖွေဖော်ထုတ်သွားမလဲဆိုတ ဆက်လက်ပြီး စောင့်မျှော်ကြည့်ရှုကြပါဦးရှင့်။