Peacemaker FHD

Peacemaker

DC စူပါဟီးရိုးတွေထဲက အခွီကောင် အရိုင်းတုံး ပိစ်မိတ်ကာ ပြန်လာပါပြီ။ သူ့ကို Superman 2025 ထဲမှာ စူပါမန်းကိုဖောင်းထုနေတဲ့တစ်ခန်းနဲ့ ချိတ်ဆက်ထားပါသေးတယ်။ ဒါ့အပြင် အရင်Justice League ကို ဖျက်လိုက်ပြီဖြစ်လို့ ဒီစီးရီးမှာ ဂရန်းလန်တန်၊ ဟော့ဂဲတို့ပါတဲ့ ဂျက်စတစ်ဂန်းနဲ့ ဆက်စပ်ထားတာပါ။ဇာတ်လမ်းကလည်း Superman 2025 ထဲက လက်စ်လူသာလက်ချက်နဲ့ ဒိုင်မန်းရှင်းကွဲကြောင်းတွေဖြစ်လာတာကို အခြေခံထားပြီး အပြိုင်စကြဝဠာဇာတ်လမ်းနဲ့သွားမှာပါ။ စီစန် ၂ မှာတော့၁ ရဲ့နောက်ဆက်တွဲအနေနဲ့ ဟားကော့ဟာ ထောက်လှမ်းရေးအလုပ်ပြုတ်သွားပြီး ဘယ်မှာမှ အလုပ်ရှာမရတော့ပါဘူး၊ အဒယ်ဘာယိုလည်းအတူတူပါပဲ။အကိုးနမို့စ်ကတော့ အားဂပ်မှာ အလုပ်ဆက်ရနေပြီး လက်ရှိအားဂပ် ညွှန်ချုပ်ကတော့ ဗိုလ်ချုပ် ဖလက် ဖြစ်လာပါပြီ။ ဒီအပိုင်းမှာလည်း အထူးတပ်ဖွဲ့ အိတ်စ် နဲ့ ပိစ်မိတ်ကာ နဲ့ ဗစ်ဂျလန်တီတို့ဘယ်လိုတွေ ခွီရဦးမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ။