ဂျန်ဂျယ်ယော(Jo In Sung)ဟာ လျှို့ဝှက်သည်းဖိုဝတ္ထုတွေရေးတဲ့နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်ပြီး ရေဒီယိုရှိုးမှာလည်းအစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်ပါတယ်။စိတ်တိုလွယ်ပြီး playboy လို့နာမည်ကြီးတဲ့ သူ့မှာတော့ ငယ်ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့အဖြစ်ဆိုးတွေကြောင့် စိတ်ဒဏ်ရာတွေအပြည့်နဲ့ပေါ့။ဂျီဟယ်ဆူ(Gong Hyoo Jin)ကတော့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီးတောအချစ်စစ်နဲ့ပတ်သတ်ပြီး အယုံအကြည်မရှိတဲ့သူတစ်ယောက်ပါ။သူတို့နှစ်ယောက်ဟာ talk show တစ်ခုမှာ တွေ့ဆုံကြပြီးတော့ကတောက်ကဆဖြစ်ကြပြီး နှစ်ယောက်သားရဲ့ ဆက်ဆံရေးကအဆင်မပြေဖြစ်လာခဲ့ပါတယ်။ဒီလိုဆက်ဆံရေးအဆင်မပြေကြတဲ့ သူတို့နှစ်ယောက်ဟာအကြောင်းအမျိုးမျိုးကြောင့် တစ်အိမ်ထဲမှာ အတူတူနေရဖို့ဖြစ်လာပါတော့တယ်။အဲဒီအိမ်လေးမှာပဲ အကြောဆွဲရောဂါခံစားနေရတဲ့ ကောင်လေး ဆူဂွမ်၊ပြဿနာအိုးမလေး ဆိုညော၊ ဂျန်ဂျယ်ယောရဲ့ အကြီးစားပရိသတ် ဟန်ဂန်အူ…သူတို့ကရော ဘယ်လိုစိတ်ဒဏ်ရာတွေ ရှိနေကြတာလဲ…။စိတ်ဒဏ်ရာအသီးအသီးနဲ့ သူတို့ နေ့စဥ်ဘဝမှာ ဘယ်လို ကြိုးစားပြီးရှင်သန်ကြသလဲ..။နာကျင်မှုတွေကို ဘယ်လိုရိုင်းပင်းကူညီပြီး ကုစားသွားကြမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ရအောင်နော်။