ဒီတစ်ခေါက် ဇာတ်ကားအသစ်ကတော့ မင်းသား mao zi jun နဲ့မင်းသမီးzhou jie qiong တို့ပါဝင်သရုပ်ဆောင်တဲ့နတ်ကားလေးတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကတော့ မိစ္ဆာဂိုဏ်း သူတော်စင်မိန်းမပျိုလေး(ယန်ဝမ်ယွဲ့)သေခြင်းတရားကနေ လွတ်မြောက်လာပြီးနောက် အဆင့်တန်းနိမ်တဲ့မိဘမဲ့ကလေးဖြစ်သွားတယ်။ သူကအတိတ်တုန်းက ဆန္ဒလေးကတော့တရားမျှတမှုဂိုဏ်းချူပ် နာမည်ကျော်ကြားတဲ့ ယန်ချင်းနဲ့ လက်ထပ်ဖို့ပါပဲ။အတိတ်က ဆန္ဒကို အကောင်အထည်ဖော်နိုင်ဖို့ စိတ်ဆန္ဒကြောင့် ပြန်လည်ဝင်စားတဲ့ဝမ်ယွဲ့ က တိုက်ဆိုင်ပြီး ယန်ချင်းနဲ့ ကြုံတွေပြီး ရင်းနှီးခင်မင်သွားကြတယ်။သူတို့နှစ်ဦးကြားမှာ မိစ္ဆာဂိုဏ်းနဲ့ တရားမျှတမှုဂိုဏ်းကြား ရန်ငြိုးပေါက်ပွားတဲ့အခါဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ ။ ဖြစ်ရပ်အားလုံးရဲ့ နောက်ကွယ်လုပ်ကြံသူရဲ့သရုပ်မှန်ကို နှစ်ယောက်အတူ ဖော်ထုတ်ဖြေရှင်းနိုင်မလား။ ဂိုဏ်းနှစ်ဖွဲ့ကြားပြေလည်ပြီး ငြိမ်းချမ်းမှုရနိုင်မလားဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦး ပရိတ်သတ်တို့ရေ ….